အဖွဲ့ဝင်များ ကိုယ်ရေးရာဇဝင်

ထိုက်ထိုက်အောင်

အမှုဆောင် ဒါရိုက်တာ


ထိုက်ထိုက်အောင်သည် ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် တွဲဖက် တည်ထောင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး အမှုဆောင်ဒါရိုက်တာအဖြစ် လက်ရှိတွင် တာဝန်ယူ လုပ်ဆောင်နေပါသည် ။ သူမသည် အင်တာနက် လွတ်လပ်ခွင့်ကို အလေးထားသူ တစ်ဦးဖြစ်ပြီး ဒစ်ဂျစ်တယ် မူဝါဒများကို သုတေသနများ နှင့် အရေးဆိုတင်ပြခြင်းများမှ တဆင့် ပြောင်းလဲရန် ကြိုးပမ်းနေသူ တစ်ယောက်ဖြစ်သည် ။ သူမသည် ယူကေနိုင်ငံ မန်ချက်စတာ မက်ထရိုပိုလင်တန် တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး နှင့် ကမ္ဘာလုံးဆိုင်ရာ လူထုဆက်သွယ်ရေး (ဒစ်ဂျစ်တယ် နိုင်ငံရေး) ဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိထားသည် ။

ဖြူဖြူသီ

အစီအစဉ် ညွှန်ကြားရေးမှုး


ဖြူဖြူသီသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (မီဒို) ကို ၂၀၁၂ ခုနှစ်တွင် တွဲဖက်တည်ထောင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်ရှိတွင် အစီအစဉ်ညွှန်ကြားရေးမှုးတစ်ယောက်အဖြစ် လုပ်ကိုင်နေပါသည်။ သူမသည် ၂၀၁၈ ခုနှစ်တွင် “ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့” နှုတ်ပြောသမိုင်းကြောင်းကို အခြား သုတေသနသမား နှစ်ယောက်နှင့်အတူ ရေးသားခဲ့ပါသည်။ သူမသည် လက်ရှိတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သတင်း အမှား အတုအယောင်များနှင့် အကျိုးဆက်များကို သုတေသန ပြုစုလျက်ရှိသည် ။ သူမ၏ တွေ့ရှိချက်များကို မီဒို ၏ အင်တာနက်မှ အကြောင်းအရာများ အချက်အလက် စစ်ဆေးမှုခြင်းများ ၊ မီဒီယာ နှင့် သတင်းအချက် သိနားလည်မှုပညာ သင်တန်းများ တွင် အကြံပြုခြင်း နှင့်ထည့်သွင်း အသုံးချခြင်းများပြုလုပ်ပါသည် ။ သူမသည် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ “ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေး” ဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိထားသည် ။ လက်ရှိတွင် သူမသည် ထိုင်းနိုင်ငံ ပိုင်းရပ် တက္ကသိုလ်တွင် “ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း” ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိရန် လေ့လာနေသည်။

ငြိမ်းချမ်းအောင်

အစီအစဉ် စီမံခန်ခွဲ့ရေးမှုး


ငြိမ်းချမ်းအောင်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (မီဒို) တွင် ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေး အစီအစဉ်၏ အစီအစဉ်စီမံခန့်ခွဲရေးမှုး အဖြစ် လုပ်ဆောင်နေပါသည်။ သူသည် မီဒို ၏ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် လူထုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သတ်သော စီမံကိန်းများတွင် စီမံခန့်ခွဲမှုများ ပြုလုပ်ပြီး ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက် စစ်ဆေးရေး အဖွဲ့ ကို စီမံခန့်ခွဲ လုပ်ဆောင်ခြင်းများလည်း ပြုလုပ်သည် ။ သူသည် မီဒို တွင် အလုပ်မဝင်ခင် ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသများတွင် ဒေသတွင်း လူမှုဖွံဖြိုးတိုးတက်ရေးအတွက် ၈ နှစ် လုပ်ကိုင်ခဲ့သည် ။ သူသည် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်မှ လူမှုရေးရာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ငြိမ်းချမ်းရေး ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားသည်။

နှင်းနုနုနိုင်

လူမှုဆက်ဆံရေး စီမံခန်ခွဲရေးမှုး


နှင်းနုနုနိုင်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်အိုင်စီတီအဖွဲ့ တွင် နည်းပညာနှင့် ငြိမ်းချမ်းရေး အစီအစဉ်၏ လူမှုဆက်ဆံရေး စီမံခန့်ခွဲရေးမှုး အဖြစ် လုပ်ကိုင်နေပါသည် ။ သူမသည် ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးရေး အစီအစဉ်နှင့် ပတ်သတ်သော နည်းဗျူဟာများကို စီမံဆောက်ရွက်သူ တစ်ဦီးဖြစ်သည်။ ၂၀၁၈ ခုနှစ်၏ Build Peace Fellow တစ်ယောက်အနေဖြင့် သူမသည် မြန်မာနိုင်ငံ၏ ပ့ထမဆုံးဖြစ်သော မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု ကို အသိပညာပေး ကျယ်ပြန့်ရေးလုပ်ဆောင်သည့် ဖေ့ဘွတ် ဆက်သွယ်ရေး chatbot (အလိုအလျောက် အလုပ်လုပ်စနစ်) ကို စတင်ပြုလုပ်ခဲ့သည် ။ သူမသည် လူမှုကွန်ရက်မီဒီယာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဒီဂျစ်တယ်လုံခြုံရေးနှင့် ပတ်သတ်၍လည်း လူထုအသိပညာမြှင့်တင်ရေးများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိသည် ။ သူမသည် မန္တလေး ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာ သိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ရရှိထားသည် ။

မေသူအောင်

တီထွင်ဆန်းသစ်မှုဆိုင်ရာ ခေါင်းဆောင်


မေသူအောင်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (မီဒို) တွင် နည်းပညာနှင့် ငြိမ်းချမ်းရေးအစီအစဉ် ၏ လူမှုကွန်ရက်ဆိုင်ရာ ဈေးကွက်ချဲ့ထွင်မှုများ ၊ ဝက်ဘ်ဆိုက် ပြုလုပ်ခြင်းနှင့် အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းများ စသည်တို့ကို လုပ်ဆောင်ပေးသည့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ခေါင်းဆောင် အဖြစ် လုပ်ကိုင်နေပါသည် ။ သူမသည် လက်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသော မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ဆိုင်ရာ အသိပညာပေး ဖျော်ဖြေရေး တီဗီအစီအစဉ် (MIL KYI) တွင် အစီအစဉ် တင်ဆက်သူတစ်ယောက် အဖြစ် လုပ်ဆောင်လျက်ရှိသည် ။ သူမသည် လူထုဖွံဖြိုးတိုးတက်ရေးနှင့် နည်းပညာကျွမ်းကျင်မှုကို ပေါင်းစပ်လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်သည် ။ သူမသည် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး အမျိုးသား စီမံခန့်ခွဲမှုကောလိပ်မှ သတင်းအချက်အလက်နည်းပညာ ဘာသာရပ်ဖြင့် ဒီပလိုမာ ရရှိထားသည်။ .

ခန့်ဖြိုးလွင်

သတင်းအချက်အလက် စစ်ဆေးမှု တာဝန်ခံ


ခန့်ဖြိုးလွင်သည် ဖွံဖြိုးမှုအတွက် မြန်မာအိုင်စီတီ အဖွဲ့ (မီဒို) အဖွဲ့တွင် ဟုတ်တယ် Vs မဟုတ်ဘူး သတင်းအချက်အလက် စစ်ဆေးရေး အစီအစဉ် ၏ အချက်အလက်စစ်ဆေးရေး တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု သင်တန်းဆရာ တစ်ယောက်လည်းဖြစ်ပြီး ကြောင်းကျိုး ဆက်စပ်တွေးခေါ်မှု စွမ်းရည်မြှင့်တင်ခြင်းကိုလည်း လုပ်ဆောင်နေသူ ဖြစ်သည် ။ သူသည် ဟုတ်တယ် Vs မဟုတ်ဘူးအဖွဲ့တွင် မလုပ်ဆောင်ခင်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင် ပဋိပက္ခ နှင့် အကြမ်းဖက်လှုပ်ရှားမှု ဖြစ်စေရန် လှုံ့ဆော်သည့် အင်တာနက်မှ အန္တရာယ်ရှိသော စကားများကို လူမှုကွန်ရက်ဆိုင်ရာ သုတေသနသမားတစ်ယောက်အဖြစ် လုပ်ဆောင်ခဲ့သည် ။ ၂၀၁၅ မှ ၂၀၁၈ ခုနှစ်ထိ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သောအဖွဲ့များကို အထောက်အကူပြုစေနိုင်ရန် အောက်စဖို့တက္ကသိုလ်နှင့် မီဒိုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် မြန်မာ့ မီဒီယာနှင့် လူမှုရေး သုတေသနစီမံကိန်းတွင် ဒေသဆိုင်ရာသုတေသနပြုလုပ်ခြင်းများကို ပံ့ပိုးကူညီလုပ်ဆောင်ခဲ့သည်။ သူသည် မော်လမြိုင်တက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသည် ။

သက်မင်း

သတင်းအချက်အလက် စစ်ဆေးသူ


သက်မင်းသည် မီဒို မှ ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးရေး အစီအစဉ်၏ အချက်အလက် စစ်ဆေးသူ တစ်ယောက်ဖြစ်သည် ။ သူသည် မီဒိုတွင် အလုပ်မဝင်ခင် ဂျာနယ်လစ်တစ်ဦးဖြစ်ခဲ့ပြီး သတင်းမီဒီယာနယ်ပယ်တွင် ၆ နှစ်ကြာ ကျင်လည်ခဲ့ပြီး နိုင်ငံရေး၊ တက်ကြွလှုပ်ရှားသူများအရေး ဒီမိုကရေစီရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ နှင့်ပတ်သက်သည့် သတင်းများကို အဓိကထားရေးသားခဲ့သူတစ်ဦးဖြစ်သည်။ ပြင်ပလူနေမှုဘဝအနေဖြင့် ပျော်ပျော်နေတတ်ပြီး ရုပ်ရှင်၊စာပေနှင့် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကို အရူးအမူးအားပေးသူတစ်ဦးဖြစ်သည်။ သူသည် ပုသိမ်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသည် ။

ဉာဏ်ဝင်းရှိန်

သတင်းအချက်အလက် စစ်ဆေးသူ


ဉာဏ်ဝင်းရှိန်သည် မီဒိုမှ ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးရေး အစီအစဉ်၏ အချက်အလက် စစ်ဆေးသူ တစ်ယောက်ဖြစ်သည် ။ သူသည် အချက်အလက်စစ်ဆေးခြင်းအတွက် အသုံးပြုသော tools များကို ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး လူမှုကွန်ရက်တွင် တွေ့ရှိနေရသော သတင်းအမှားများကို ဖော်ထုတ်ရခြင်းကို စိတ်ဝင်စားသူတစ်ယောက် ဖြစ်သည် ။ သူသည် မီဒိုတွင် အလုပ်မဝင်ခင် ဂျာနယ်လစ်တစ်ဦးဖြစ်ခဲ့ပြီး သတင်းမီဒီယာနယ်ပယ်တွင် ၇နှစ်ကြာ ကျင်လည်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ဂျာနယ်လစ်လုပ်စဉ်က ဒီမိုကရေစီနှင့်လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ဆိုခွင့်ရေးဆိုင်ရာ သတင်းများ ၊ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကွန်ရက်များပေါ်မှ ပဋိပက္ခများအကြောင်းကို အထူးပြု သတင်းရေးသားခဲ့ သူဖြစ်သည်။ သူသည် ဒဂုံတက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသည်။