ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲကိုဦးတည်ပြီး ဖြန့်တဲ့ သတင်းအမှားတစ်ခုကို သတိပြုမိခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ လက်အတုလုပ်ပြီး မဲခိုးဖို့ကြံစည်နေတဲ့ အတွက် မဲပေးတဲ့အခါသေချာစစ်ဆေးဖို့လိုအပ်တယ်ဆိုတဲ့စာသားနဲ့အတူ လက်ချောင်းအတုပုံတွေနဲ့တကွ တင်ထားတာဖြစ်ပါတယ်။