ဖွံ့ဖြိုးမှုအတွက် မြန်အိုင်စီတီအဖွဲ့

ဖွံ့ဖြိုးမှုအတွက် မြန်အိုင်စီတီအဖွဲ့ (မီဒို) သည်   ၂၀၁၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည် ။ အဖွဲ့အစည်း၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မြို့ပြဒေသနှင့် ကျေးလက်ဒေသများပါ မကျန် အိုင်စီတီနည်းပညာကို အသုံးချကာ ပြည်သူများ၏ လူနေမှုဘဝ နှင့် ဗဟုသုတ တိုးမြှင့်စေရန် ဖြစ်သည် ။ မီဒို (MIDO) သည် နည်းပညာ နှင့် ဖွံ့ဖြိုးရေး ၊  လူ့အခွင့်အရေး ၊ နည်းပညာနှင့် ငြိမ်းချမ်းရေး စသည့် အကြောင်းအရာများကို အဓိကဦးတည်လုပ်ဆောင်ပြီး သုတေသနစာတမ်းပြုစုခြင်းများ ၊ မူဝါဒပြောင်းလဲရန် အထောက်အပံ့ပေးခြင်းများ နှင့် လူ့စွမ်းအားမြှင့်သင်တန်းများ အစရှိသည်တို့ဖြင့် လုပ်ဆောင်လျက်ရှိပါသည် ။

ဟုတ်တယ် Vs မဟုတ်ဘူး

“ဟုတ်တယ် Vs မဟုတ်ဘူး” သည်  အွန်လိုင်းပေါ်မှသတင်းအချက်အလက်စိစစ်ခြင်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏ ပထမဆုံး  အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဟုတ်တယ် Vs မဟုတ်ဘူး သည် ဖွံ့ ဖြိုးမှုအတွက် မြန်မာ အိုင်စီတီအဖွဲ့ (MIDO) ၏ ငြိမ်းချမ်းရေးအတွက် နည်းပညာခေါင်းစဉ် အောက်မှ ပရိုဂရမ်တစ်ခု ဖြစ်ပါသည် ။ “ဟုတ်တယ် Vs မဟုတ်ဘူး” မှ သတင်းအမှား/ အမှန်စိစစ်ခြင်း၊ သတင်းအမှားများကို လူထုမယုံကြည်စေရန် တိုက်ဖျက်ခြင်း၊ သတင်း အသိပညာပေး ဆောင်းပါးများ  နှင့် သတင်းအချက်အလက် စိစစ်ခြင်းနည်းလမ်းများ ကို ပြုလုပ်ပေးပြီး ဟုတ်တယ် Vs မဟုတ်ဘူး၏ ဖေ့ဘွတ်စာမျက်နှာ နှင့် ဝက်ဘ်ဆိုက် တို့တွင် ပြန်လည် ဖော်ပြပေးပါသည်။ Viber, Instagram နှင့် Twitter မှာလည်း ကြည့်ရှူနိုင်ပါသည် ။

နိုင်ငံရေး ၊ စီးပွာရေး ၊ လူမှုရေး နှင့် ကျန်းမာရေး စသည့် အရေးကိစ္စရပ်များတွင် လူထု အထင်အမြင်လွဲ မှားစေရန် ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေသော သတင်းများကို နေ့စဉ် စောင့်ကြည့်လေ့လာသည် ။ အဆိုပါသတင်းအမှားများထဲမှ လူထုကို ထိခိုက်မှု ဖြစ်စေနိုင်သော ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သော သတင်းအမှားများကို အချက်အလက်စစ်ဆေးပြီး တုံ့ပြန်တိုက်ဖျက်သည့် သတင်းများကို တင်ပေးနေခြင်း ဖြစ်သည်။ ထိုသို့ သတင်းအမှား / အမှန်များ ကို စိစစ်ရာတွင် ကိုယ်ပိုင်ထင်မြင်ယူဆချက်ကို အရေးမပေးဘဲ  အချက်အလက်ကိုသာ အခြေခံပြီး အချက်အလက် စစ်ဆေးခြင်းနည်းလမ်းများ၊ စာနယ်ဇင်း ပညာတို့ဖြင့် စစ်ဆေးပေးနေခြင်းဖြစ်ရာ စာဖတ်သူ ပြည်သူလူထု ယုံကြည်ကိုးစားနိုင်သောအဖွဲ့အစည်း တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး သတင်းအချက်အလက်စိစစ်ပေးသည့် Messenger Chatbot ကိုလည်း ပိုင်ဆိုင်ထားပြီး ပြည်သူလူထုမှ ပေးပို့သော မေးခွန်းများကိုလည်း နေ့စဉ်  သတင်းအမှား/အမှန် စိစစ်ပေး၍ ထို chatbot မှတဆင့် ပြန်လည်ဖြေကြားပေးပါသည် ။ ထို့ပြင် မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းတစ်ခုဖြစ်သော DVB ရုပ်သံလိုင်း နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် သတင်းအသိပညာပေး ပရိုဂရမ်တစ်ခုဖြစ်သည့် MIL KYI အစီအစဉ် ပြုလုပ်ထားပြီး အပိုင်း ၂၄ ပိုင်းပါဝင်သော season ၂ ခု အားထုတ်လွှင့်ပြီးဖြစ်သည် ။

ဆက်သွယ်ရန်

Facebook: https://www.facebook.com/realornot.mm
Facebook Messenger: https://m.me/realornot.mm
Twitter: https://twitter.com/realornotmm
Instagram: https://www.instagram.com/realornot.mm/
Viber – COVID-19: Covid-19 MM (Real or Not)
Phone: 09797196745
Email: info(at)realornotmm.info