Fact Check| CRPH အမည်သုံးထားတဲ့ ထုတ်ပြန်ချက်အတု

ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ အသိပေးချင်တဲ့သတင်းအမှားတစ်ခုက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အမည်ကိုသုံးပြီး ဖေဖော်ဝါရီ ၂၅ရက်စွဲ နှင့်အတူ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အတုအကြောင်း ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်အတုဟာ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာတွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။

 

ဘာလို့ ထုတ်ပြန်ချက်အတုလို့ ပြောရလဲဆိုရင်

 

  • “ ကူးပြောင်းရေးကာလပြဌာန်းချက်များ” ဆိုပြီးအချက် ၆ ချက်ပါအဆိုပါထုတ်ပြန်ချက်ဟာ ၎င်းတို့ထုတ်ပြန်ထားတာမဟုတ်ဘူးလို့ CRPH ရဲ့ blue mark ရရှိထားတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာက အသိပေးထားပါတယ်။

 

  •  ဒီထုတ်ပြန်ချက်ဟာ အတုသာ ဖြစ်ကြောင်း CRPH ဖေ့ဘွတ်ခ်ပေ့ချ်က ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲ ၁နာရီခန့်တွင် ထုတ်ပြန်ထားတာကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

 

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စိစစ်လိုက်မယ်ဆိုရင်  CRPH Template  ဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်သည် အတုသာဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

 

ဖေဖော်ဝါရီ၁ ရက်နောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေ, သတင်းအတုတွေ,ထုတ်ပြန်ချက်အတုတွေနဲ့ Messanger ကတဆင့် အသံဖိုင်ဖြင့် သတင်းအမှား ဖြန့်ဝေမှုတွေဟာ အများအပြားပျံ့နှံ့လျက်ရှိပါတယ်။

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို  တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခြင်း ရှိ/မရှိ ဦးစွာ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။

တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/