Fact Check| ပဲခူးတိုင်း ဒိုက်ဦးမြို့မှာ တပ်မတော် ထောက်ခံပွဲပြုလုပ်နေတယ်ဆိုပြီး ဓာတ်ပုံအတုတွေသုံးထားတဲ့ သတင်းအမှား

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်နေတယ်ဆိုပြီး သံဃာတော်တွေ ပါဝင်တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ်ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်.

  • တပ်မတော်ထောက်ခံပွဲဆိုပြီး အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့တုန်းက ဒိုက်ဦးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။

  • ဆန္ဒပြရာမှာ ပါဝင်တဲ့ ရတနာဘုံကျောင်းဆရာတော် အကောင့်ကနေပြီး ဒီဓာတ်ပုံတွေဟာ ခိုးယူ သုံးစွဲခံရတဲ့ ဓာတ်ပုံတွေဖြစ်ကြောင်း ဒီလင့်ခ် မှာ ရှင်းပြထားပါတယ်။ ဒီဓာတ်ပုံတွေရဲ့ မူရင်းလင့်ခ် ကတော့ ဒီမှာ ဖြစ်ပါတယ်။

  • ဒိုက်ဦးမြို့ခံတွေကလည်း ယခုရက်ပိုင်း သူတို့မြို့နယ်မှာ တပ်မတော်ထောက်ခံပွဲတွေပြုလုပ်တာ မရှိကြောင်း ငြင်းဆိုပါတယ်။

  • ဒါကြောင့် ဒီသတင်းဟာ ဓာတ်ပုံတွေကို ခိုးယူသုံးစွဲပြီး ဖန်တီးထားတဲ့သတင်းအမှားပဲဖြစ်ပါ  တယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို  တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။

 

တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။