ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေအနေနဲ့ အသိပေးချင်တဲ့ သတင်းအမှားတစ်ခုရှိပါတယ်။ အဲ့တာကတော့ ဖေ့ဘွတ်ခ်ပေါ်မှာ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းကစပြီးပျံ့နေတဲ့ ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်တဲ့ပုံစံနဲ့အတုလုပ်ထားတဲ့ ထုတ်ပြန်ချက်အတုပဲဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အတုထဲမှာ တော့ လူစုလူဝေးနေရာတွေကိုသတိထားရှောင်ကျဉ်ဖို့နဲ့ ARSA အဖွဲ့က အကြမ်းဖက် ဖောက်ခွဲမှုတွေပြုလုပ်မယ်လို့သတင်းရ ထားတယ်ဆိုပြီးရေးသားထားပြီး ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်တဲ့ပုံစံနဲ့ အတုလုပ်ဖြန့်ချိထားတာဖြစ်ပါတယ်။
AA အဖွဲ့၏ထုတ်ပြန်ချက်မဟုတ်ကြောင်း ၎င်းတို့၏ဝဘ်ဆိုက်ဒ်တွင် အတိအလင်းထုတ်ပြန်ထားသည့်ပုံ
ဒါကြောင့် ပျံ့နှံ့နေတဲ့ထုတ်ပြန်ချက်ဟာ အတုဖြစ်ပြီးတော့ တစ်နိုင်ငံလုံးက လူတွေ လမ်းမတွေပေါ်ထွက်ဆန္ဒပြနေတဲ့အချိန်မှာ စိုးရိမ်စိတ်တွေဖြစ်ပေါ်အောင် ရည်ရွယ်ချက် ရှိရှိဖြန့် တဲ့ ထုတ်ပြန်ချက်အတုဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။
တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေ, သတင်းအတုတွေ,ထုတ်ပြန်ချက်အတုတွေနဲ့ Messanger ကတဆင့် အသံဖိုင်ဖြင့် သတင်းအမှား ဖြန့်ဝေမှုတွေဟာ အများအပြားပျံ့နှံ့လျက်ရှိပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/