ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ အသိပေးချင်တဲ့ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတစ်ခုကတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို အခုဖြစ်သယောင် ပြန်လည်မျှဝေနေတဲ့ ပို့စ်အကြောင်း ဖြစ်ပါတယ်။
အဲ့ဒီနားလည်မှုလွဲမှားစေနိုင်တဲ့အကြောင်းအရာကတော့ တပ်မတော်ခေါ်ယူစစ်ဆေးခဲ့သော ကိုဌေးလှိုင် ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ အရေးပေါ်တင်ဆောင်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဓာတ်ပုံတွေနဲ့ တွဲတင်ထားတဲ့ပို့စ် ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ပို့စ်ကိုတော့ ဒီမှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်။ အဲ့ဒီပို့စ်ကို ပြန်လည်မျှဝေထားသူပေါင်း ၈၀၀ကျော် ရှိနေတဲ့အတွက် ယမန်နှစ်က ဖြစ်ပျက်ခဲ့တဲ့ သတင်းအဟောင်းဖြစ်ကြောင်းကို အသိပေးရခြင်း ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်စစ်လိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့ တပ်မတော်ခေါ်ယူစစ်ဆေးခဲ့သော ကိုဌေးလှိုင် ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ အရေးပေါ်တင်ဆောင်ရ ဆိုတဲ့သတင်းက ယမန်နှစ် ၂၀၂၀ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ သတင်းအဟောင်း ဆိုတာကို သိနိုင်ပါတယ်။
အင်တာနက်က ပျံ့နှံ့နေတဲ့သတင်းတွေထဲမှာ သတင်းအမှားတွေအပါအဝင် ယခင်နှစ်ကာလတွေတုန်းက ဖြစ်ပျက်ခဲ့ပြီးသား သတင်းတွေကို လက်ရှိဖြစ်ပျက်သယောင်ဖန်တီးပြီး ဖြန့်ဝေတဲ့ သတင်းယောင်တွေလည်းရှိနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ လူမျိုးရေး ဘာသာရေးအကြား သွေးထိုးလှုံ့ဆော်မှုတွေလည်း ရှိနေနိုင်တာကြောင့် စိတ်ခံစားမှုကို ဖြစ်စေနိုင်တဲ့ သတင်းမျိုးတွေဆိုရင် အလျင်စလိုမယုံကြည်သင့်ပဲ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်သင့်ပါတယ်။
စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေဟာ အများအပြားပျံ့နှံ့လာနေတဲ့အတွက် သတင်းတစ်ခုခုကို တွေ့လိုက်တာနဲ့ အရင်ဆုံး စိစစ်ပြီးမှ ယုံကြည်ဖို့ ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုတွေကို ပြင်းထန်စေမယ့် ပုံ/ဗီဒီယို/စာသား/အသံဖိုင် စတာတွေကို အထူးသတိထားစိစစ်ပြီးမှ ယုံကြည်သင့်ပါတယ်။
တကယ်လို့ သတင်းအမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး ဖေ့ဘွတ်ခ် စာမျက်နှာရဲ့ Messenger Bot ကနေ ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot တွေကိုပေးပို့ပြီး စိစစ်ခိုင်းလို့ရပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စိစစ် သူတွေက အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် စစ်ဆေးပြီး အကြောင်း ပြန်ပေးသွားမှာပါ။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/