အခုလိုမျိုး စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အချိန်မှာပဲ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း သတင်းအတု/သတင်းအမှားတွေက အများအပြား ပျံ့နှံ့နေပါတယ်။ ဒီတစ်ခါ ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေ ပြောပြပေးချင်တာက NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ထုတ်ပြန်ချက်ဆိုပြီး ထုတ်ပြန်ချက်အတုလုပ်ပြီး သတင်းအမှားဖြန့်နေတဲ့ အကြောင်းကို ဖော်ပြပေးမှာပါ။ အဲ့ဒီသတင်းအမှားက မနေ့က (ဖေဖော်ဝါရီ ၁၈ ရက်)နေ့ နံနက်ပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ပေါ် အခြေခံပြီး မော်တော်ယာဉ်ပျက်စီးတဲ့သူတွေအနေနဲ့ မြို့နယ် NLD ပါတီဥက္ကဌတွေဆီမှာ နစ်နာကြေးအဖြစ် ကျပ် ၁၀သိန်းထုတ်ယူနိုင်တယ်ဆိုတဲ့ ကြေညာချက်အတု ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စိစစ်လိုက်မယ်ဆိုရင် မော်တော်ယာဉ်ပျက်စီးတဲ့သူတွေအနေနဲ့ မြို့နယ် NLD ဥက္ကဌတွေဆီမှာ ကျပ် ၁၀သိန်း ထုတ်ယူနိုင်တယ်ဆိုပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တယ်ဆိုတဲ့ ကြေညာချက်ဟာ အတုဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေဟာ အများအပြားပျံ့နှံ့လာနေတဲ့အတွက် သတင်းတစ်ခုခုကိုတွေ့လိုက်တာနဲ့ အရင်ဆုံး စိစစ်ပြီးမှ ယုံကြည်ဖို့ ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုတွေကို ပြင်းထန်စေမယ့် ပုံ/ဗီဒီယို/စာသား/အသံဖိုင် စတာတွေကို အထူးသတိထားစိစစ်ပြီးမှ ယုံကြည်သင့်ပါတယ်။
တကယ်လို့ သတင်းအမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး ဖေ့ဘွတ်ခ်စာမျက်နှာရဲ့ Messenger Bot ကနေ ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot တွေကိုပေးပို့ပြီး စိစစ်ခိုင်းလို့ရပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စိစစ် သူတွေက အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်စစ်ဆေးပြီး အကြောင်း ပြန်ပေးသွားမှာပါ။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/