ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ အချက်အလက်စစ်ဆေးသူတွေ အသိပေးချင်တဲ့ သတင်းအမှားအကြောင်းအရာတစ်ခုရှိပါတယ်။ အဲ့တာက မြစ်ကြီးနားမြို့က ဆရာ/ဆရာမတွေကို လက်နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်ဆိုပြီး ပြန်လည်မျှဝေနေကြတဲ့ ပုံအကြောင်းဖြစ်ပါတယ်။ အဲ့ဒီ အကြောင်းအရာအမှားကို ဖေ့ဘွတ်ခ်ပေါ်မှာ လူပေါင်းများစွာက ပြန်လည်မျှဝေနေတဲ့အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်း အသိပေးရခြင်း ဖြစ်ပါတယ်။
Crowdtangle Tool နဲ့ရှာဖွေရာမှာ တွေ့ရှိရတဲ့ပုံတချို့
မြစ်သားမြို့ဆန္ဒပြပွဲမှ ဓာတ်ပုံဖြစ်ကြောင်းသက်သေပြနိုင်သည့် မူရင်းအရင်းအမြစ်
တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေ၊ သတင်းအတုတွေ၊ ထုတ်ပြန်ချက် အတုတွေနဲ့ Messenger ကတဆင့် အသံဖိုင်ဖြင့် သတင်းအမှား ဖြန့်ဝေမှုတွေဟာ အများအပြားပျံ့နှံ့လျက်ရှိပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/