Fact Check| သမ္မတ ဦးဝင်းမြင့်ကို လက်ထိပ်ခတ်လျက်တွေ့ရတယ်ဆိုတဲ့ သတင်းဗီဒီယိုဖိုင်အမှား

သမ္မတ ဦးဝင်းမြင့်ကို လက်ထိပ်ခတ်လျက်နဲ့တွေ့ရတယ်ဆိုတဲ့ သတင်းဗီဒီယိုအဖိုင်အမှားတစ်ခု ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ဒီသတင်းဗီဒီယိုဟာ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးစဉ်က ဗီဒီယိုဖြစ်တယ်လို့လည်း ယူဆရေးသား ချက်မျိုးတွေ ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့ရပါတယ်။

အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာတော့

  • ဒီသတင်းဗီဒီယိုဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲကာလတုန်းက သမ္မတ ဦးဝင်းမြင့်ဟာ  သတင်းမီဒီယာတွေကို နှုတ်ဆက်နေတဲ့ ဗီဒီယိုဖြစ်တယ်ဆိုတာ သိရပါတယ်။ မဇ္ဇိမ သတင်းမီဒီယာက လည်း ဒီသတင်းဗီဒီယိုဟာ သတင်းဗီဒီယိုအဟောင်းတစ်ခုဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ ဒီလင့်ခ် မှာ ဝင်ကြည့်နိုင်ပါတယ်။

  • ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကတည်းက သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ အကျယ်ချုပ်နဲ့ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ပတ်သက်ပြီး နောက်ဆုံးရရှိတဲ့သတင်းကတော့ သမ္မတအိမ်တော် ကနေ နေပြည်တော် လွှတ်တော်ဂိတ်ဝအနီးက အိမ်တအိမ်ကို ပြောင်းရွှေ့တာခံလိုက်ရတယ်လို့ RFA သတင်းဌာနကဖေဖော်ဝါရီ ၅ရက်နေ့မှာ ရေးသားပါတယ်။   ဒီမှာ ဝင်ဖတ်နိုင်ပါတယ်။

  • နောက်ဆက်တွဲသတင်းတွေကိုတော့ မသိရသေးပါဘူး။

 

တပ်မတော်ကအာဏာ သိမ်းယူလိုက်ပြီးနောက်ပိုင်း လက်ရှိအချိန်မှာ ဖေ့ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတင်းအမှားတွေကလည်း ဆက်တိုက်ပျံ့နှံ့တာမျိုးတွေရှိနေတာမို့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဖော်ပြထား တဲ့သတင်းမီဒီယာတွေက သတင်းတွေကို  ပဲ ဖတ်ရှုယုံကြည်ဖို့၊ အဲဒီလို ဖတ်ရှုတဲ့အခါမှာ လည်း သတင်းဌာနတစ်ခု နဲ့တစ်ခု ဖော်ပြထားပုံချင်း တူ/မတူ တိုက်ဆိုင်စစ်ဆေးဖို့ ဟုတ်တယ် vs မဟုတ်ဘူးက အကြံပြုလိုက်ပါရစေ။