ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ အချက်အလက်စစ်ဆေးသူတွေ ဒီတစ်ခါအသိပေးချင်တဲ့သတင်းအမှား တစ်ပုဒ်ကတော့ အောက်ခြေမဲစာရင်းတွေကို ပြန်စိစစ်ပြီး တပ်မတော်ကထုတ်ပြန်တဲ့စာရင်းတွေနဲ့ ပြန်တိုက်စစ်မယ်လို့ ဦးဇော်ဌေးပြောကြားတယ်ဆိုပြီး ဖြန့်နေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားကို Cherry Media လို့ နာမည်ပေးထားတဲ့ သတင်းမီဒီယာ အယောင်ဆောင် ဖေ့ဘွတ်ခ်စာမျက်နှာကနေ ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းကစတင်ဖြန့်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီသတင်းအမှားမှာ ဖော်ပြထားတာကတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲ မှာ တပ်မတော်မှ အထောက်အထားမှတ်တမ်းများဖြင့် နိုင်ငံတကာသတင်းဌာန သတင်းထောက်များအား ခေါ်ယူပြသရှင်းလင်းခဲ့အပြီးမှာ အောက်ခြေမဲစာရင်းတွေကိုအမြန်ဆုံးပြီးစီးအောင် ပြန်စီစစ်ခိုင်းနေပါတယ် ပြီးရင် တပ်မတော်ကထုတ်ပြန်နေတဲ့စရင်းတွေနဲ့ကိုက်ညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးစေမှာပါ လို့ နိုင်ငံတောိသမ္မတရုံးညွန်ကြားရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ် ဆိုပြီးတော့ သတင်းအမှားကိုဖန်တီးထားတာဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို ဖေ့ဘွတ်ခ်ရဲ့ ဒီလင့်ခ် မှာ ကြည့်ရှုနိုင်ပါတယ်၊။ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့အချက်အလက်စစ်ဆေးသူတွေက စိစစ်ပြီးတဲ့အခါမှာတော့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် အားလုံးသိအောင် ဖော်ပြပေးလိုက်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင်တော့ ပျံ့နှံ့နေတဲ့ အောက်ခြေမဲစာရင်းတွေကို ပြန်စိစစ် ဖို့လုပ်နေတယ်လို့ ဦးဇော်ဌေးပြောတယ်ဆိုက သတင်းအမှား ဖြစ်ကြောင်းကိုသက်သေပြနိုင်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/