ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ ဒီတစ်ခါပြောပြပေးမယ့်သတင်းအမှားတစ်ခုက တော့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်နိုဝင်ဘာလတုန်းက နိုင်ငံတော်ပိုင်ရဟတ်ယာဉ်ရောက်ရှိတဲ့နေ့ကပုံတွေကို အသုံးပြုပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပနိုင်ငံကို ထွက်ခွာသွားတယ်ဆိုပြီး ဖြန့်နေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားကို Thaung Htay ဆိုတဲ့ အကောင့်က ဇန်နဝါရီ ၂၀ ရက်က တင်ခဲ့တာဖြစ်ပါတယ်။ တင်ခဲ့တဲ့အကြောင်းအရာကတော့ 21 ရက်ထွက်မယ်ခရီးကို ယနေ့ စောလျင်စွာဖြင့်ထွက်ခွာခဲ့ပါပြီး အစစ်နဲ့အတုခွဲခြားစောင့်ကြည့်ရမဲ့ပွဲနော်. လို့ရေးသားပြီး ယခင်နှစ်က ပုံတွေကိုအသုံး ပြုပြီးတော့ သတင်းအမှားဖြန့်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားပို့စ်ကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဖေ့ဘွတ်ခ်အကောင့်တုပေါင်းမြောက်များစွာကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပနိုင်ငံကိုထွက်ပြေးသွားတော့မယ်ဆိုတဲ့ ဇာတ်ကြောင်းတွေကို သတင်းအမှားတွေဖန်တီးပြီး ဆက်တိုက်ဖြန့်လာနေတာပဲဖြစ်ပါတယ်။
ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပခရီးကိုထွက်ခွာသွားတယ်ဆိုတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ စာဖတ်သူတွေအနေနဲ့လည်း သတင်းစာဖြတ်ပိုင်းပုံစံ ဖြန့်ဝေထားတဲ့ သတင်းတွေကို တွေ့ပြီဆိုရင် အဲဒီသတင်းမှာ ပါဝင်တဲ့အကြောင်းအရာဟာ တကယ် ဟုတ်/မဟုတ် Google မှာ keywords search နဲ့ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် ပို့စ်တင်သူကိုလည်း ဒီအကြောင်းအရာဟာ ဘယ်သတင်းဌာနက တင်သလဲ ဆိုတာမျိုးကို မေးမြန်းနိုင်သလို၊ ကိုယ်တိုင်လည်း သတင်းဌာနတွေမှာ တင်/မတင် တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလို လုပ်ငန်းစဉ်တွေလုပ်ရတာ ကိုယ့်အတွက် အခက်အခဲရှိနေတယ်ဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို လာရောက်မေးမြန်းလို့ရပါတယ်။ သတင်းစာဖြတ်ပိုင်းတွေကိုအသုံးပြုပြီး သတင်းအမှား ဖြန့်ဝေတာမျိုးတွေလည်းရှိနေတာမို့လို့ သတင်းအမှန်မှန်း မသေချာသေးပဲနဲ့ Share မပြုလုပ်ဖို့ကို တော့ သတိပေးလိုက်ပါရစေ။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/