ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေ လူမှုကွန်ရက်ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့မှုများနေတဲ့ အချက်အလက်ခိုင်လုံမှုမရှိတဲ့ သတင်းတစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။ ဒီသတင်းကတော့ အောင်မင်္ဂလာအဝေးပြေး ယာဉ်တွေ ဖေဖော်ဝါရီလလယ်တွင် ပြေးဆွဲရန် အမိန့်စာကျလာတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းဟာ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှင့် ဖေ့ဘွတ်ခ် ဂရုတွေမှာ ပျံ့နှံ့မှု များပြားနေတာပဲ ဖြစ်ပါတယ်။ အချက်အလက်ခိုင်လုံမှုမရှိတဲ့ ဒီသတင်းအမှားကို ” Aung Phyo Thwin” ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က “ အောင်မင်္ဂလာ/ဒဂုံဧရာအဝေးပြေးကားဂိတ်များနှင့် ခရီးသွား ကြသူများ ဆုံဆည်းရာ” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ ရေးထားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းကို Like and React ပြုလုပ်သူ ၃၁၀၀ကျော်ရှိပြီး ပြန်လည်မျှဝေသူ ၅၆၀၀ကျော်အထိ ရှိခဲ့ပါတယ်။ Web Archive Link ကို ဒီမှာ ကြည့်နိုင်ပါတယ်။
ဘာလို့ သတင်းအမှားလို့ ပြောရလဲဆိုရင်
ဒါကြောင့် ဖေဖော်ဝါရီ ၁၅ရက်မှာ အဝေးပြေးယာဉ်အားလုံးကို ပိုးသတ်ဆေးဖြန်းပြီး တစ်ပတ်အ တွင်း ပြေးဆွဲဖို့ အမိန့်စာကျလာပါပြီဆိုတဲ့ သတင်းက သတင်းအမှားပဲ ဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုကို တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/