ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိထားမိခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ကို စာဖတ်သူတွေကို ပြောပြပေးချင်ပါတယ်။ ဒီသတင်းအမှားကတော့ NLD တွေက ကိုယ်ပိုင်ရဟတ်ယာဉ်တွေနဲ့ ထွက်ပြေးဖို့ အပြင်းအထန် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းအမှားကတော့ Radio Free Myanmar (RFM) ဆိုတဲ့ အမှတ်တံဆိပ် Template နဲ့ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ Web Archive Link ကို ဒီလင့်ခ် ဒီလင့်ခ် တွေမှာ ဝင်ကြည့်နိုင်ပါတယ်။
သတင်းအမှားမှာ ရေးသားထားတဲ့အကြောင်းအရာက ” ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး ၂၀၁၅က ထက်ပင် အနိုင်ရတယ်လို့ မဖြစ်နိုင်တဲ့ စာရင်းဇယားတွေနဲ့ အာဏာကို အဓမ္မနည်းနဲ့ ရယူရန်ကြိုးပမ်းခဲ့တဲ့ NLD တွေဟာ တိုင်းပြည် ရဟတ်ယာဉ်များနဲ့ ထွက်ပြေးဖို့ အပြင်းအထန် ပြင်ဆင်နေကြောင်း လူမှုကွန် ရက်တွင် ပြောဆိုနေကြသည်။ ဒေါ်လာသန်းပေါင်းများစွာ တန်သော Leonard အမျိုးအစားရဟတ်ယာဉ် နောက်ထပ် နှစ်စီးကို ဒီဇင်ဘာ ၁၇ ည သန်းခေါင်ကျော်မှ ကားများဖြင့် ခိုးယူသယ်ဆောင်လာသည်ကို တွေ့ရသည်” လို့ ရေးထားပါတယ်။
ဘာလို့ သတင်းအမှားလို့ ပြောရတာလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို အလွယ်တကူမယုံကြည်ရန် အကြံပြုလိုပါတယ်။ သတင်းတစ်ပုဒ်ကို တွေ့ရင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chatbot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/