Fact Check| ဖေ့ဘွတ်ခ်သုံးရင် ငွေကြေးပေးရတော့မယ်ဆိုတဲ့သတင်းအမှား

ဖေ့ဘွတ်ခ်အသုံးပြုရင် ငွေကြေးပေးပြီးအသုံးပြုရတော့မယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် မက်ဆင်ဂျာ ကနေ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက သတိပြုမိပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး အမေးများနေတာ ကြောင့် ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း ပြောပြပါရစေ။

ဒီစာကိုလူ ၁၈ ယောက်စီ ဖြန့်ရင် ဖေ့ဘွတ်ခ်ကို အခမဲ့ဆက်လက်အသုံးပြုရမှာဖြစ်ပြီး မဖြန့်ရင်တော့ ဖေ့ဘွတ်ခ်အသုံးပြုတဲ့အခါ အခကြေးငွေပေးရမယ်ဆိုပြီး မက်ဆင်ဂျာမှာ သတင်းအမှားပျံ့နှံ့နေတာဖြစ် ပါတယ်။

ဖြန့်ဝေခဲ့တဲ့သတင်းအမှားအကြောင်းအရာတွေထဲမှာပါဝင်တာတွေက

  • fb သုံးရင်နောက်ဆိုငွေကုန်ကြေးကျရှိပါမယ်.. ဒီစာပိုဒ်ကို လူ (၁၈)ဦးပို့ရင်သင့်သင်္ကေတ ကအပြာရောင်ဖြစ်မယ်ဖရီး အလကားသုံးခွင့်ရမယ်..
  • မနက်ဖြန် ()နာရီထိမယုံဘူးဆိုရင်တော့ fb ကိုပိတ်မယ်..ငွေကြေးအကုန်ခံသုံးခွင့်ပြုရတော့မယ်..
  • မနက်ဖြန်အထိ message စာကိုဖရီး (ငွေမကောက်)ပေးထားမှာပါ.. ဒီsms ကိုလူ ယောက်ထိပို့ထားပါ..ဒါဆို သင့်အတွက် fb ကိုဘဝတသက်သာ ဖရီးသုံးရမှာ ဝယ်စရာမလိုတော့ဘူး…
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
  • ဒီသတင်းကို ဖေ့ဘွတ်ခ်ရဲ့ တရားဝင် သတင်းထုတ်ပြန်တဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook news room မှာ လည်း ဖော်ပြထားတာမရှိပါဘူး။ Facebook ကုမ္ပဏီဟာ သူတို့ ထုတ်ပြန်ကြေညာလိုတဲ့ သတင်းမှန်သမျှကို ဒီ ဝက်ဘ်ဆိုဒ်ကနေတဆင့် ကြေညာလေ့ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ် ပြန်ထားတာမရှိပါဘူး။
  • ဒါ့အပြင် Facebook platform ပေါ်မှာရှိနေတဲ့ ဖေ့ဘွတ်ခ်ရဲ့  Blue mark Page  facebook app မှာလည်း မဖော်ပြထားပါဘူး။
  • ဖေ့ဘွတ်ခ် စီအီးအို မာ့ခ်ဇူကာဘက်ရဲ့ ဖေ့ဘွတ်ခ်အကောင့် မှာလည်း ဒီလို ပိုက်ဆံပေးပြီး ဖေ့ဘွတ်ခ် သုံးရမယ်ဆိုတဲ့ သတင်း ကို မရေးထားပါဘူး။
  • ဒီသတင်းအမှားဟာ ပြီးခဲ့တဲ့ ၂နှစ်ကျော် ၂၀၁၈ တုန်းကလည်း တစ်ကြိမ်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ဒီအကြောင်းကိုလည်း ဟုတ်တယ် vs မဟုတ်ဘူး ကစီစစ်ခဲ့ပြီး သတင်းမှားဖြစ်ကြောင်းရေးသားထားတာကို ဒီမှာ ဖတ်နိုင်ပါတယ်။
  • ဖေ့ဘွတ်ခ်မှာ စာရေးရင် ၁၀၀၀ ကျပ် ၊ပုံတင်ရင် ၂၀၀၀ ကျပ်ပေးရမယ်ဆိုပြီး ယခင်ကလည်း သတင်းအမှားတွေပျံ့နှံ့ခဲ့ဖူးသလို ဟုတ်တယ် vs မဟုတ်ဘူးက တန်ပြန်စိစစ်ခဲ့ဖူးပါတယ်။ ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း သတင်းတစ်ခုကိုတွေ့ပြီဆိုရင် အမှား/အမှန် သိရအောင်လို့ ဒီလို သတင်းရင်းမြစ်တွေကို လိုက်လံရှာဖွေပြီး တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။ အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မပေးနိုင်ဘူး ဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းနိုင်ပါတယ်။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/