၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးဆုံးခဲ့တာ တစ်လကြာခဲ့ပြီဖြစ်ပေမယ့် လူမှုကွန်ရက်တွေပေါ်မှာတော့ ရွေးကောက်ပွဲအနိုင်အရှူံးရလာဒ်တွေ မဲစာရင်းကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းအမှားသတင်းအတုတွေ က ဆက်တိုက်ဖြန့်ချိနေဆဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက သတိပြုမိခဲ့ တဲ့သတင်းအမှားတစ်ခုက Like and Share များနေတဲ့အတွက် သတင်းအမှားဖြစ်ကြောင်းအားလုံးသိအောင် အချက်အလက်စစ်ဆေးပြီး ပြောပြပေးလိုက်ပါတယ်။
အဲ့ဒီသတင်းအမှားကတော့ NLD နှင့် နာဂလက်နက်ကိုင်အဖွဲ့ NSCN-K တို့ပေါင်းပြီး နန်းယွန်းမြို့နယ်မှာမဲဝယ်ခဲ့တယ်ဆိုပြီး ဖြန့်တဲ့သတင်းအမှား ပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းကို Ye Myo Sitt ဆိုတဲ့အကောင့်က ဒီဇင်ဘာ ၆ရက်နေ့မှာတင်ခဲ့တာဖြစ်ပြီးတော့ ကော်ပီယူပြီးပြန်ဖြန့်တဲ့ အကောင့်တွေ အများအပြားရှိနေတာဖြစ်ပါတယ်။ ဖြန့်ဝေခဲ့တဲ့သတင်းအမှားအကြောင်းအရာကို Web Archive ဒီလင့် ဒီလင့် တွေမှာ ဝင်ကြည့်နိုင်သလို Facebook ရဲ့ ဒီလင့်ခ် ဒီလင့်ခ် တွေမှာဝင်ကြည့်နိုင်ပါတယ်။
“ NLDအနေနဲ့ ဒေသခံလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တစ်ခု ဖြစ်တဲ့ NSCN-K နဲ့ ပူးပေါင်းကာ ငွေကြေးပေး၍ မဲဝယ်ခဲ့တဲ့ဖြစ်စဉ်ကို နယ်မြေခံ ရဲစခန်းက စုံစမ်းရရှိ ခဲ့ပါတယ်။*ဒီလိုမဲဝယ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် NSCN-K သောင်းကျန်းသူအဖွဲ့က ပြည်သူ လူထုကို ခြိမ်းခြောက်ပြီး NLD ကို မဲပေးဖို့ စေခိုင်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး မဲဝယ်ယူမှုကို နောင်ယန်းကျေးရွာနေ ဦးညီအောင်း(NLD ၊ နန်းယွန်း EC)မှတစ်ဆင့် NSCN-K သောင်းကျန်းသူအဖွဲ့အား ချိတ်ဆက်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဆိုပြီး သတင်းအမှားကိုဖြန့်ထားတာဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အချက်အလက်စိစစ်ချက်လိုက်မယ်ဆိုရင်တော့ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ NLD နှင့် နာဂလက်နက်ကိုင်အဖွဲ့ NSCN-K တို့ပေါင်းပြီး နန်းယွန်းမြို့နယ်မှာမဲဝယ်ခဲ့တယ်ဆိုတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ ရွေးကောက်ပွဲ ပြီးဆုံးချိန်မှာလည်း မဲရလာဒ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ပဲ ရွေးကောက်ပွဲကော်မရှင်၊ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/