ရွေးကောက်ပွဲမှာ မဲရုံကိစ္စနဲ့ တရားစွဲခံရတဲ့ ပညာရေးဝန်ထမ်းတွေအတွက် တာဝန်ခံဖြေရှင်းပေးဖို့ အစီအစဉ်မရှိဘူးလို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကို ဟုတ်တယ် Vs မဟုတ်ဘူးက သတင်းအချက်အလက်စစ်ဆေး သူတွေ သတိပြုမိခဲ့ပါတယ်။
ဒီသတင်းအမှားကို “Tone Tne” ဆိုတဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ ဖော်ပြထားတာမရှိတဲ့ ဖေ့ဘွတ်ခ်အကောင့်က နိုဝင်ဘာ ၂၄ရက် ညနေပိုင်းမှာ တင်ထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားပို့စ်ကို like and react ပြုလုပ်သူ ၁၄၀၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၁၉၀၀ ကျော်အထိရှိပါတယ်။ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။
ဒီပို့စ်မှာ “ ပညာရေးဝန်ထမ်းအချို့ရဲ့ မဲခိုးပေးမှုကြောင့်UECသိက္ခာကိုထိခိုက်ခံရကြောင်းနှင့် အဲ့ဒီကိစ္စ တွေအတွက်UECက ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်UECဥက္ကဋ္ဌဦးလှသိန်းက ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အဲ့ဒီအမှုတွဲတွေမှာပါဝင်ပါတ်သက်ပြီးတိုင်ကြားခံထားရတဲ့ပညာရေး ဝန်ထမ်းတွေကိုလည်း မိမိတို့ပညာရေးဝန်ကြီးဌာနကတာဝန်ခံပေးမှာမဟုတ်ကြောင်း၊ မိမိတာဝန်ယူချိန်မှာ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များအတွက်ကာယကံရှင်တွေကသာ တာဝန်ယူဖြေရှင်းရမယ်လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကပြည်နယ်အဆင့်ပညာရေးဝန်ထမ်းများနှင့် Video Confrencingမှတဆင့်တွေ့ဆုံစဉ်ထည့်သွင်းပြေားကြားခဲ့တယ်” လို့ ရေးသားထားပါတယ်။
ဘာလို့ သတင်းအမှားလို့ ပြောရတာလဲဆိုရင်
ဖော်ပြပါအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် မဲရုံကိစ္စနဲ့ တရားစွဲခံရတဲ့ ပညာရေး ဝန်ထမ်းတွေအတွက် တာဝန်ခံဖြေရှင်းပေးဖို့ အစီအစဉ်မရှိဘူးလို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောတယ်ဆိုတာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
ရွေးကောက်ပွဲပြုလုပ်ပြီးနောက် မဲရလာဒ် စာရင်းထုတ်ပြန်ကြေညာခြင်း၊ အနိုင်ရရှိသော ပါတီနှင့် လွှတ် တော်ကိုယ်စားလှယ်အမည် ထုတ်ပြန်ကြေညာခြင်းတွေအပြင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းအတု၊ သတင်းအမှားတွေနဲ့ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းတွေဟာ ဖေ့ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အကြံပြုလိုတာက ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ သတင်းအကြောင်းအရာတွေကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဆိုက်ဘ်နဲ့ ဖေ့ဘွတ်ခ်၊ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ ရှိ,မရှိ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ်
Vs မဟုတ်ဘူးရဲ့ MessangerBot ကို သတင်းအမှန် ဟုတ်/မဟုတ် အရင်ဆုံး လာရောက်မေးမြန်း အတည်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/