၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပချိန် မဲရုံတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်း ဆရာ, ဆရာမ တွေ မဲခိုးတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ဝန်ခံလိုက်ပြီဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်ဖေ့ဘွတ်ခ်ပေ့ချ်နဲ့ ဂရုတွေမှာ ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။ ဒီလင့်ခ် ဒီလင့်ခ် ဝင်ကြည့်နိုင်ပါတယ်။
ဖော်ပြပါအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် မဲရုံတာဝန်ကျ ဆရာမတွေ မဲခိုးတယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ဝန်ခံလိုက်ပြီဆိုပြီး ပျံ့နှံ့နေတဲ့ အကြောင်းအရာတွေဟာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းအတု၊ သတင်းအမှားတွေနဲ့ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းတွေဟာ ဖေ့ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အကြံပြုလိုတာက ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ သတင်းအကြောင်းအရာတွေကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဆိုက်ဘ်နဲ့ ဖေ့ဘွတ်ခ်၊ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ ရှိ,မရှိ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Messenger Bot ကို သတင်းအမှန် ဟုတ်/မဟုတ် အရင်ဆုံး လာရောက်မေးမြန်း အတည်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/