ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားတွေက ဒီတစ်ခါ အချက်အလက်စစ်ဆေးခဲ့တဲ့ သတင်းအမှားတစ်ခုက ယခင်နှစ်က ပုံတွေကိုအသုံးပြုပြီးတော့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ ကိုဗစ်ကာလအတွင်းမှာ မဟာတမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ ကို လူကိုယ်တိုင် တက်ရောက်တယ်ဆိုပြီးတော့ နားလည်မှုလွဲမှားအောင်ဖြန့်နေတဲ့သတင်းအမှားတစ်ခုဖြစ်ပါတယ်။ အဲ့သတင်းအမှားအကြောင်းအရာကို Chat bot ကနေလည်းလာရောက်မေးမြန်းပြီး အချက်အလက်အမှန်ဟုတ်မဟုတ်သိလိုတဲ့သူတွေလည်း အများကြီး ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားကို Ko Ko Ko Ko ဆိုတဲ့ဖေ့ဘွတ်ခ်အကောင့်က နိုဝင်ဘာ ၁၆ရက်မှာတင်ခဲ့တာဖြစ်ပြီး တော့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ ပြန်လည်မျှဝေသူ ၇၀၀နီးပါးရှိခဲ့တာဖြစ်ပါတယ်။ မူရင်းတင်ထားတဲ့ ဖေ့ဘွတ်ခ်လင့်ခ်ကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်သလို Archive Link ကို ဒီမှာ သွားရောက်ကြည့်ရှုနိုင် ပါတယ်။ သတင်းအမှား ပို့စ်မှာ ရေးသားထားတာတွေကတော့ (မူရင်းသတ်ပုံအတိုင်း)
သတင်းကောင်းစဉ်
သာသနာရေးဝန်ကြီးဌာန ဝန်ကြီး
အစ္စလာမ် မိုဟာမက်သခင်နေ့ အခမ်းအနားတက်ရောက်
ဗုဒ္ဓဘာသာ ဘုရားတွေမဖွင့်သေးပါ သာဓု၃ပါ
ဘုန်းကြီးကျောင်းတွေ ဥပုဒ်မစောင့်ရသေးဘူး
သာဓု၃ပါ
ဆရာတော် သံဃာတော်တွေ ကူဗစ်ကူးစက်ခံရချိန်က
ေပၚမလာဘူး သာဓု ၃ပါ
ဝန်းကြီး ကျန်းမာ ပါစေ အသက်ရှည်ပါစေ
Crd.
ဆိုပြီးတော့ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင်တော့ ပျံ့နှံ့နေတဲ့ မဟာတမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့အခမ်းအနားကို သူရဦးအောင်ကိုတက်ရောက်ခဲ့တယ်ဆိုတာက သတင်းအမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အကြံပြုလိုတာက သတင်းအတု၊ သတင်းအမှားတွေဟာ အပြင်မှာရော၊ လူမှုကွန်ရက်စာမျက်နှာတွေ မှာပါ နည်းမျိုးစုံနဲ့ ပျံ့နှံ့လျက်ရှိပါတယ်။ ဒါကြောင့် သတင်းအကြောင်းအရာတစ်ခုကို လူမှုကွန်ရက်မှာ တွေ့ရှိခဲ့ရင် အလွယ်တကူ မယုံပါနဲ့ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး သတင်းအမှား/အမှန် ဖြစ်တယ်လို့ ခွဲခြားလို့ရပါတယ်။ ဒါ့အပြင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာ တွေက သတင်းတွေကိုသာ ယုံကြည်ကြရန် အကြံပြုလိုပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/