ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့တဲ့သတင်းအမှားတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီသတင်းအကြောင်းအရာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ(USDP) ရဲ့ ကွန်ပျူတာ တာဝန်ခံအား ပြင်းထန်စွာရှုတ်ချကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်း ရှင်အသင်း (MCIA) က ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဒီသတင်းအမှား ထုတ်ပြန်ချက်အတုကို “Education News Updates”ဆိုတဲ့ ပေ့ချ်က နိုဝင်ဘာ ၁၂ရက် မနက်ပိုင်းမှာ တင်ထားတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်အတုကို Like and React ပြုလုပ်သူ ၁၄၀၀ကျော်ရှိပြီး ပြန်လည်မျှဝေသူ ၅၉၀ ကျော် ရှိပါတယ်။ သတင်းအမှားကို Webarchive link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဘာလို့ သတင်းအမှားလို့ ပြောရတာလဲဆိုရင်
ဖော်ပြပါအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် လူမှုကွန်ရက်ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေတဲ့ ထုတ်ပြန်စာက အတုဖြစ်ကြောင်း စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သတ်တွေကို အကြံပြုလိုတာက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ဘဲ ရွေးကောက်ပွဲကော်မရှင်၊ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခြင်း ရှိ,မရှိ တိုက်ဆိုင်စစ်ဆေးကြဖို့ အကြံပြုလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ဘဲ ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Messenger Bot ကို သတင်းအမှန် ဟုတ်/မဟုတ် အရင်ဆုံး လာရောက်မေးမြန်း အတည်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/