“ ရွေးကောက်ပွဲကော်မရှင်၏ မဲမသမာမှုကြောင့် ရဲ၊ တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူ တွေက သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် အချက်အလက်စစ်ဆေးပြီး ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း တင် ပြလိုက်ပါရစေ။
ဒီသတင်းကို ရဲရင့်ထက်ဆိုတဲ့အကောင့် က နိုဝင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းက တင်ထားတာဖြစ်ပါတယ်။ သတင်းအမှားထဲမှာရေးသားထားတဲ့ အကြောင်းအရာကတော့ ရွေးကောက်ပွဲတွင် NLDအောင်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မဲမသမာမှုကြောင့် မြန်မာရဲတပ်ဖွဲ့ သို့တိုင်တန်းစာ ၃ထောင်ကျော်ပေးပို့ခဲ့သဖြင့် အရေးယူစုံစမ်းစစ်ဆေးရန် တပ်မတော်(စရဖ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ CID တပ်မတော် သတင်းထောက် အရပ်ဘက်သတင်းထောက် နှင့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီဆိုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်ပေါ်ရှိ သတင်းမီဒီယာများ၏ သတင်းကို လည်းမယုံကြပဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်တဲ့သတင်းကိုသာ ယုံကြဖို့ သတင်းအမှား ထဲမှာ တိုက်တွန်းထားပါသေးတယ်။သတင်းအမှားကို ဒီလင့်ခ် မှာသွားကြည့်နိုင်ပါတယ်၊ Web Archive Link ကိုတော့ ဒီမှာကြည့်နိုင်ပါတယ်။
ဘာလို့သတင်းအမှားလည်းလို့ပြောရတာလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲကော်မရှင်က မဲရလာဒ်တွေ၊ အနိုင်ရရှိသူတွေကို ထုတ်ပြန်ကြေညာနေချိန်မှာ ရွေးကောက်ပွဲရလာဒ်ကို တလွဲထင်မြင်အောင် ရည်ရွယ်ရေးသား နေတဲ့ သတင်းမှားတွေ ဖန်တီးနေကြတယ်ဆိုတာ သတိပြုစေလိုပါတယ်။ဒါ့ကြောင့် သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေကိုသာ ဖတ်ရှုစေလိုပါတယ်။
အကယ်၍ ကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ သတင်းအမှား/အမှန် ခွဲခြားရခက်နေတယ်ဆိုရင်လည်း အလျင်စလို Share ပြုလုပ်တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို ပေးပို့ပြီး အရင်ဆုံး သတင်းအမှား/အမှန် လာရောက်မေးမြန်းဖို့အကြံပြုလိုက်ပါရစေ။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/