မဲပေးသူ ၂သန်း ပိုနေပြီး NLD ပါတီနဲ့ UEC (ရွေးကောက်ပွဲကော်မရှင်) က မဲလိမ်တယ်လို့ စွပ်စွဲရေးသားထားတဲ့ သတင်းအမှား တစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းမှားကို နိုဝင်ဘာ ၉ရက်နေ့ ည၉နာရီက တင်ထားတာဖြစ်ပြီးတော့ ၃နာရီအတွင်း Share ပြုလုပ်သူ လေးထောင်ခန့်အထိရှိလာတဲ့အတွက် စာဖတ်သူတွေ မယုံမိဖို့ သတင်းအမှားဖြစ်တဲ့အကြောင်း ပြောပြ လိုက်ပါတယ်။
ဒီသတင်းအမှားကို စုကြည်နိုင်ဆိုတဲ့ အကောင့်က တင်ထားတာဖြစ်ပြီး သတင်းအမှားမှာ ရေးသားထားတဲ့ အကြောင်းအရာတွေကတော့ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းရှိပြီး မဲပေးထားသူက ၃၉ သန်းဖြစ်နေတဲ့အတွက် NLD ပါတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး မသမာမှုလုပ်တယ်လို့ စွပ်စွဲထားပါတယ်။သတင်းအမှားရဲ့ လင့်ခ် ကို ဒီမှာ ကြည့်နိုင်ပါတယ်။ Web Archive Link ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရသလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့ ရွေးကောက်ပွဲ ပြီးဆုံးချိန်မှာလည်း မဲရလာဒ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို တွေ့ရင် အလျင်စလို မယုံကြည်လိုက်ပဲ ရွေးကောက်ပွဲကော်မရှင်၊ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြထား/မထားနဲ့ တိုက်ဆိုင်စစ် ဆေးကြဖို့ အကြံပေးလိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိရင်လည်း အလွယ်တကူ Share တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကို သတင်းအမှား/အမှန် အရင်ဆုံး လာရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/