၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲပြုလုပ်တဲ့ နိုဝင်ဘာ ၈ရက်နေ့ နံနက်အစောပိုင်းမှာ လူမှုကွန် ရက်တွေမှာ ပျံ့နှံ့နေတဲ့ သတင်းအမှားအကြောင်းအရာတစ်ခုကို ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိပြုခဲ့ပါတယ်။ ပျံ့နှံ့နေတဲ့ အကြောင်းအရာကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နာမည်ပါတဲ့ လေယာဉ်လက်မှတ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီလေယာဉ်လက်မှတ်မှာတော့ ရွေးကောက်ပွဲပြီး နောက်တစ်နေ့ နိုဝင်ဘာ ၉ရက် နံနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံကို သွားဖို့ လေယာဉ်လက်မှတ်ဖြတ်ထားတယ် ဆိုပြီး ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဒီလင့်ခ် မှာကြည့်လိုရပါတယ်။
ဒီသတင်းအမှားဟာ ဖေ့ဘွတ်ခ်ပေ့ချ်တွေ၊ ဂရုတွေထဲမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နာမည်ပါဝင်တဲ့ လေယာဉ်လက်မှတ် ဖြတ်ပိုင်း ဓာတ်ပုံဟာ အတုသာဖြစ်ပြီး သတင်းအမှားသာ ဖြစ်ပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အကြံပြုလိုတာက ရွေးကောက်ပွဲပြုလုပ်နေတဲ့ (နိုင်ဝင်ဘာ ၈ရက်)မှာ သတင်းအတု၊ သတင်းအမှားတွေဟာ အပြင်မှာရော၊ လူမှုကွန်ရက်စာမျက်နှာတွေ မှာပါ နည်းမျိုးစုံနဲ့ ပျံ့နှံ့လျက်ရှိပါတယ်။ ဒါကြောင့် သတင်းအကြောင်းအရာတစ်ခုကို လူမှုကွန်ရက်မှာ တွေ့ရှိခဲ့ရင် အလွယ်တကူ မယုံပါနဲ့ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး သတင်းအမှား/အမှန် ဖြစ်တယ်လို့ ခွဲခြားလို့ရပါတယ်။ ဒါ့အပြင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာ တွေက သတင်းတွေကိုသာ ယုံကြည်ကြရန် အကြံပြုလိုပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/