ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ ဒီမနက်မှာ သတိပြုမိခဲ့တဲ့သတင်းအမှားတစ်ခုကို ပြောပြပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားက ကျားခေါင်းပါတီလို့လူသိများတဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တို့ မဟာမိတ်အဖြစ်ပူးပေါင်းစာချုပ်ချုပ် ဆိုတယ်ဆိုတဲ့သတင်းအမှားပဲဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားကို Tai Image Media လို့နာမည်ပေးထားတဲ့ စာမျက်နှာတစ်ခုက နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၂ နာရီ ၂၂ မိနစ်မှာ တင်ခဲ့တာဖြစ်ပြီးတော့ ရှမ်းဒေန္တရဂရုတွေမှာပါ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ မူရင်းဖြန့်ဝေ ထားတဲ့ သတင်းအမှားလင့်ခ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် ပျံ့နှံ့နေတဲ့ ကျားခေါင်းပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ မဟာမိတ် အဖြစ် ပူးပေါင်းစာချုပ်ချုပ်ဆိုတယ်ဆိုတဲ့ သတင်းက သတင်းအမှား ဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးချိန်မှာ လူမှုကွန်ရက်တွေပေါ်မှာ ရွေးကောက်ပွဲကိုရည်ရွယ်ပြီးဖြန့်တဲ့ သတင်းအမှားတွေ၊ ဝေဖန်တိုက်ခိုက်တာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်တာတွေ အများအပြား တွေ့ရပါတယ်။ ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။
လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/