နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပါက မြန်မာနိုင်ငံရဲ့အခြေအနေ ပိုဆိုးသွားနိုင်တယ်ဆိုပြီး ကုသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောဆိုတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူ တွေက သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် အချက်အလက်စစ်ဆေးပြီး ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်း တင် ပြလိုက်ပါရစေ။
ဒီသတင်းကို နေလ မီဒီယာဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဖေ့ဘွတ်ခ်ပေ့ချ်တစ်ခုကနေ နိုဝင်ဘာ ၆ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး ဖေ့ဘွတ်ခ်အကောင့်တစ်ခုမှာလည်း တင်ထားတာကိုတွေ့ရပါတယ်။ သတင်းအမှားထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေကတော့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား က NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အခြေအနေ ပိုဆိုးနိုင်ကြောင်း ရေးသားထားပါတယ်။ သတင်းအမှား ကို
ဒီလင့်ခ် နဲ့ ဒီလင့်ခ် မှာ သွားကြည့်နိုင်ပါတယ်။ Web Archive Link ကိုတော့ ဒီမှာ နဲ့ ဒီမှာ ကြည့်နိုင်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရသလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ဒီလိုရွေးကောက်ပွဲ အချိန်မှာ သတင်းတွေကို စိစစ်ပြီးမှ မျှဝေဖို့ အကြံပြုလိုက်ပါရစေ။ တကယ်လို့ သတင်းအမှား/အမှန် ခွဲခြားရခက်နေရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/