Fact Check| ရွေးကောက်ပွဲကာလ ထွက်ပေါ်လာတဲ့သတင်းတွေကို စိစစ်ပြီးမှယုံကြည်ပါ သတိထားရမည့် ဖြစ်ရပ်မှန်ပေါ် အခြေခံထားသော ခန့်မှန်းရေးသားချက်များ

ရွေးကောက်ပွဲမတိုင်ခင် နှစ်ရက်အလို ယနေ့ (နိုဝင်ဘာ ၆) နေ့လည်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ပေါက်ကွဲမှုတွေ ဆက်ဖြစ်လာမယ် ဆိုတဲ့အရေးအသားတွေ   Facebook မှာပျံ့နှံ့လာပါတယ်။

အဲ့ဒီထဲက အရေးအသားအချို့ဆိုရင် နောက်ထပ် ဗုံး (၁၀) လုံးအထိ ဖောက်ဖို့ရှိတယ်ဆိုပြီး အတိအကျသတင်းရထားတဲ့ပုံနဲ့ ရေးသားထားတာကိုတောင် တွေ့ရပါတယ်။ 

 

အမှန်တကယ်ဖြစ်ခဲ့တဲ့ သတင်းတွေကိုအခြေခံပြီး သတင်းအတိအကျရတဲ့ပုံစံမျိုးရေးထားတဲ့ သတင်းတွေနဲ့ပတ်သက်ရင် စာဖတ်ပရိတ်သတ်တွေကို ဟုတ်တယ် vs  မဟုတ်ဘူး က အကြံပြုချင်တာကတော့ သတိထားကြီးကြီးထားပြီးမှ ယုံကြည်ဖို့ပါ။ 

ဒီလိုသတင်းမျိုးတွေနဲ့တွေ့ရမယ်ဆိုရင် ချက်ချင်း Share တာ၊ ယုံကြည်တာမျိုးမလုပ်ဘဲ မိနစ်ပိုင်းမျှ အချိန်ယူပြီး ယုံကြည်ရတဲ့ တရားဝင်သတင်းဌာနတွေက ရေးသားတာ ရှိ၊ မရှိ အရင်စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။ 

ရွေးကောက်ပွဲကာလမှာ သတင်းမီဒီယာတွေဟာ အချိန်နဲ့တပြေးညီ သတင်းတွေရဖို့ကြိုးစားနေကြပြီး ဖြစ်ရပ်တစ်ခုခု ဖြစ်ပြီးတာနဲ့ မိနစ်ပိုင်းအတွင်း သတင်းအမှန်တွေရေးသားနေကြပါတယ် ။ 

သာဓက အားဖြင့်ဆိုရင် ပဲခူးမှာပေါက်ကွဲမှု ဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာ သတင်းဌာနတွေက အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေကို ကိုးကားပြီး အတည်ပြုရေးသားကြပါတယ်။ ဥပမာအနေနှင့ ဒီလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  (Eleven Media Group) (RFA) (DVB

မြန်မာနိုင်ငံက သတင်းဌာန အတော်များများဟာ Blue Mark (အပြာရောင်အမှန်ခြစ်) ရှိတာကြောင့် အလွယ်တကူရှာဖွေ လို့လည်းရနိုင်ပါတယ်။

ဒါ့အပြင် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင် နဲ့ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ဖို့လည်း တိုက်တွန်းလိုပါတယ်။

ရွေးကောက်ပွဲသတင်းတွေကိုဖတ်တဲ့အခါမှာအကြံပြုလိုတာက

  • (၁) သတင်းရေးသူကို စစ်ပါ။
    (၂) သတင်းအရင်းအမြစ်များစွာနဲ့တိုက်ဆိုင်စစ်ဆေးပါ။
    (၃) ရက်စွဲတွေကို စစ်ပါ။
    (၄) သတင်းတစ်ပုဒ်လုံးကို ဖတ်ပါ။
    (၅) ကျွမ်းကျင်သူကို မေးပါ။

တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ် Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/