Fact Check| အချက်အလက်အမှားတွေနဲ့ ပြုပြင်ထားတဲ့ ပုံတွေကိုအသုံးပြုပြီး ရွေးကောက်ပွဲကိုဦးတည် ဖြန့်နေတဲ့ သတင်းအမှားပို့စ်တစ်ခု

ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် နီးကပ်လာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ အချက်အလက်အမှားတွေကိုအ ခြေခံပြီး ရွေးကောက်ပွဲကိုဦးတည်ဖြန့်နေတဲ့သတင်းအမှားတွေက ပိုမိုတွေ့နေရပါတယ်။ ဒီတစ်ခါမှာ လည်းဟုတ်တယ် Vs မဟုတ်ဘူးက ပြောပြပေးချင်တဲ့သတင်းအမှားပို့စ်တစ်ခုကတော့ အချက်အလက် အမှားတွေနဲ့ ပြုပြင်ထားတဲ့ပုံတွေကိုအသုံးပြီးပြုထားတဲ့သတင်းအမှားတွေကိုတွဲပြီးတင်ထားတဲ့ ပို့စ် တစ်ခုအကြောင်းပါ။ 

 

အဲ့ဒီသတင်းအမှားပို့စ်ကို မြူနှင်းဝေ မြူနှင်းဝေ ဆိုတဲ့အကောင့်ကနေ အောက်တိုဘာလ ၂၁ ရက်မှာ တင်ခဲ့တာဖြစ်ပြီးတော့ တင်ခဲ့တဲ့ပို့စ်ခေါင်းစဉ်ကတော့ NLD အစိုးရခိုးထားတဲ့စာရင်းထဲက တစ်ချို့တစ်ဝက်..ဘယ်သူက သူခိုးလဲသိရအောင်လို့..တင်ပေးတာ..ကမ္ဘာကျော်..မဟာသူခိုးကြီးတွေ.. ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပြုပြင်ထားတဲ့ပုံအမှားတွေနဲ့ အချက်အလက်အမှားတွေအခြေခံထားတဲ့ သတင်းအမှားတွေကိုပုံတွေနဲ့တွဲတင်ထားတာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ကို ပြန်လည်ဝေမျှသူပေါင်း ၁၆၀၀ ကျော်ရှိခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားပို့စ်ကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

 

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

 

  • အဲ့ဒီပို့စ်မှာတင်ထားတဲ့အချက်တွေထဲကတစ်ခုဖြစ်တဲ့ ရွှေတိဂုံဘုရားကရွှေတွေကိုခွာယူသုံးစွဲခဲ့တဲ့ ပါတီ NLD ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ရွှေတိဂုံဘုရားပုံကိုပေါင်းစပ်ပြီးဖော်ပြထားတဲ့ပုံက ဖိုတိုရှော့နဲ့ပေါင်းစပ်ထားပြီး အချက်အလက်အမှားတွေနဲ့ နိုင်ငံရေးအရတိုက်ခိုက်ထားခြင်းဖြစ်ပါတယ်။ တကယ်တော့ ရွှေတိဂုံဘုရားမှာကပ်လှူထားတဲ့ရွှေစင်ပြားတွေဟာ ညိုမည်းလာတာကြောင့် ၂၀၁၈ ခုနှစ် က ပြန်လည်ဆေးကြောသန့်စင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့ဆက်စပ်တဲ့သတင်းတချို့ကို
    ဒီလင့်ခ် နဲ့ ဒီလင့်ခ် မှာဝင်ဖတ်နိုင်ပါတယ်။
  • ဒါ့အပြင် NLD ပါတီတွင် သူခိုးများကိုအကုန်ထုတ်ပစ်ပါက ထိုင်ခုံသာကျန်ခဲ့မယ်လို့ ဦးဝင်းထိန်ပြော ကြားတယ်ဆိုပြီးပုံပေါ်စာရေးပြီးတင်ထားတာကလည်း သတင်းအမှားသက်သက်ပဲဖြစ်ပါတယ်။ အဲ့ဒီစကားမျိုးကို ဦးဝင်းထိန်အနေနဲ့လုံးဝပြောကြားထားခဲ့ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာလည်း သတင်းအနေနဲ့လုံးဝဖော်ပြထားတာမရှိပါဘူး။
  • နောက်ထပ်သတင်းအချက်အလက်အမှားတစ်ခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ အလက်ဇန်းဒါးအဲရစ်အတွက် သူ့မိခင်က ဝယ်ပေးထားတဲ့ အမေရိကန်ပြည်နယ် ကိုရိုလိုင်းနားပြည်နယ်က ဒေါ်လာ ၂၉ သန်းတန်အိမ်ဆိုတာကလည်း သတင်း အမှားဖန်တီးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအိမ်ပုံက  အင်တာနက်ပေါ်မှာရှိနေတဲ့ အိမ်တစ်လုံးရဲ့ပုံဖြစ်ပါတယ်။ ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ အလက်ဇန်းဒါးအဲရစ်ရဲ့ အိမ်လုံးဝမဟုတ်ပါဘူး။
  • အထက်ပါအချက်အလက်တွေအတိုင်းစိစစ်ကြည့်မယ်ဆိုရင် NLD အစိုးရခိုးထားတဲ့စာရင်းထဲက တစ်ချို့တစ်ဝက်..ဘယ်သူက သူခိုးလဲသိရအောင်လို့..တင်ပေးတာ..ကမ္ဘာကျော်..မဟာသူခိုးကြီးတွေ.. ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ တင်ထားတဲ့ ပုံတွေအများအပြားဟာ အချက်အလက်အမှားတွေအခြေခံပြီး ဖိုတိုရှော့နဲ့ပြုပြင်ပေါင်းစပ်ထားတဲ့ သတင်းအမှားတွေပဲဖြစ်တယ်ဆိုတာသက်သေပြနိုင်ပါတယ်။ 

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲ နီးတဲ့ ကာလမှာ ဒီလို သတင်းအမှားတွေ၊သတင်းအဟောင်းတွေနဲ့ စာဖတ်သူလူထုကို လှည့်ဖျားတဲ့ သတင်းတွေကိုမယုံကြည်မိဖို့လိုပါ တယ်။ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်း တွေ၊ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊ဝက်ဘ်ဆိုဒ်တွေက သတင်းတွေကိုပဲ ဖတ်ရှုယုံ ကြည်ကြဖို့လိုပါတယ်။ဒီလိုတရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာဖတ်ရှုပြီး ကိုယ်မဲပေးရမယ့် နိုင်ငံရေးပါတီ ကို ရွေးချယ်စေလိုပါတယ်။ ဖေ့ဘွတ်ခ်ပေါ်က တစ်ဖက်သက်ထင်မြင်ယူဆချက်တွေ၊ လှည့်ဖျားထားတဲ့သတင်းအကြောင်းအရာအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။

အကယ်၍ သတင်းတွေကို ဖတ်ရှုရာမှာ အမှား/အမှန် ခွဲခြားရခက်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းလို့ရပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/