အောက်တိုဘာ ၁၁ ရက်တွင် တင်ခဲ့သော “Remdesivir ထိုးဆေး တစ်လုံး ဒေါ်လာ ၅၂၀ ပေးရတယ်ဆိုတဲ့သတင်းအမှား”အား အမှားပြင်ဆင်ချက်

အမှားပြင်ဆင်ခြင်းနှင့် ဟုတ်တယ် Vs မဟုတ်ဘူး ပရိသတ်အား အသိပေး တောင်းပန်ခြင်း 


“Remdesivir ထိုးဆေး တစ်လုံး ဒေါ်လာ ၅၂၀ ပေးရတယ်ဆိုတဲ့သတင်းအမှား” ဆိုသည့် စိစစ်ချက်ကို “ဟုတ်တယ် Vs မဟုတ်ဘူး” ကအောက်တိုဘာ ၁၁ ညပိုင်းတွင် ဖော်ပြခဲ့ပါသည်။

အဆိုပါစိစစ်ချက်မှ အချက်အလက်တချို့သည် အငြင်းပွားစရာရှိကြောင်း လိုအပ်သည်ကို တွေ့ရှိရသဖြင့် ပြန်လည်စိစစ်နေကြောင်း အသိပေးအပ်ပါသည်။

အဆိုပါစိစစ်ချက်အား ဝေဖန်ထောက်ပြခဲ့ကြသည့် စာဖတ်ပရိတ်သတ်များအားလည်း အထူးကျေးဇူးတင်ရှိပါသည်။


ဟုတ်တယ် Vs မဟုတ်ဘူး ပရိသတ်များကို အလေးထားမှုဖြင့် မှားယွင်းသွားသောအကြောင်းအရာအား ထပ်မံ အသိပေးကြေညာခြင်းဖြစ်ပါသည်။ နောင်တွင် ပိုမိုဂရုပြုအလေးထားသွားမည်ဖြစ်ကြောင်းလည်း ဟုတ်တယ် Vs မဟုတ်ဘူး ဝိုင်းတော်သားများမှ အသိပေးအပ်ပါသည်။