လူမှုကွန်ရက်ဖေ့ဘွတ်ခ်သုံးစွဲသူတွေ၊ ဖေ့ဘွတ်ခ်ပေ့ချ်နဲ့ ဂရုတွေမှာ ပျံ့နှံ့နေတဲ့ သတင်းအမှား တစ်ခုကို ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိထားမိခဲ့ပါတယ်။
ဒီအကြောင်းအရာကတော့ “ ရန်ကုန်က ဆေးရုံအချို့မှာ ကုတင်မလောက်တော့လို့ ကိုဗစ်လူနာတွေကို ပလက်စတစ်ထိုင်ခုံတွေနဲ့ ထားနေရတယ်” ဆိုတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းအမှားကို Than Tun Aung ဆိုတဲ့ ဖေ့ဘွတ်ခ်က တင်ထားတာဖြစ်ပြီး တခြားသတင်းမီဒီယာတွေက သတင်းတွေကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းမီဒီယာ အမည်ခံနေတဲ့ “ ဟစ်တိုင် – အွန်လိုင်း သတင်းဌာန” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်က အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ကူးယူ ဖော်ပြခဲ့ တာ ဖြစ်ပါတယ်။
“ ဟစ်တိုင် – အွန်လိုင်းသတင်းဌာန” က တင်ထားတဲ့ ဒီသတင်းအမှားကို Like and react ပြုလုပ်သူ ၁၃၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၈၉၀ ကျော်အထိရှိခဲ့ပါတယ်။ ဒီသတင်းအမှားကို ဒီမှာ ကြည့်နိုင်ပါတယ်။
ဘာလို့သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ကိုဗစ်-၁၉ တကျော့ပြန် ပျံ့နှံ့မှူနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအတု၊ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက် ရောက်စေနိုင်တဲ့သတင်းတွေ၊ အသံဖိုင်တွေဗီဒီယိုတွေကို ပိုပြီးဂရုစိုက်ဖတ်ရှုနား ထောင်သင့်တဲ့အ ကြောင်းလည်း အကြံပြုလိုက်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/