တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တပ်ဖွဲ့တို့က လာမယ့် ၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက်အတု တစ်ခု ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ဒါ့ကြောင့် ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးထားတဲ့စာတွေဟာ လည်း အမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးဖော်ပြလိုက်ပါတယ်။
ထုတ်ပြန်စာအတုထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေကတော့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ ဒီလက်နက်ကိုင် ၃ ဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီကိုမဲပေးဖို့ လူထုကိုတိုက်တွန်းထားတဲ့အကြောင်း၊ ပြည်ခိုင်ဖြိုးပါတီမဲရှုံးသွားရင် အမေ ရိကန်၊ အီတလီ နိုင်ငံတွေလို ကိုဗစ်ရောဂါဖြစ်ပွားသူများပြားလာနိုင်ပြီး ၊မဲနိုင်ပါက တရုတ်နိုင်ငံရဲ့ အကူအညီကြောင့် ကိုဗစ်ရောဂါ ရပ်တန့်နိုင်ကြောင်း ရေးသားထားပါတယ်။ ထုတ်ပြန်ချက်အတု ရဲ့ Web Archive Link ကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုတော့
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သတ် တွေအနေနဲ့လည်း ထုတ်ပြန်ချက်စာတွေကို တွေ့မယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက် ပေ့ချ် (ဒါမှမဟုတ်) website တွေမှာ ဝင်ရောက် လေ့ လာပြီး တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ အထူးသဖြင့် ဒီလို ရွေးကောက်ပွဲနီးတဲ့ကာလတွေမှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာမို့လို့ သတင်းတွေကိုဖတ်မယ်ဆိုရင် သတိကြီးကြီးထားပြီး ဖတ်ရှုဖို့ လိုပါတယ်။စိစစ်ဖို့လိုပါတယ်။
အကယ်၍ စိစစ်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းလို့ရပါတယ်။ သတင်းအမှန်မှန်း မသေချာသေးပဲနဲ့တော့ Share မပြုလုပ်ဖို့ သတိပေးလိုက်ပါရစေ။