ဟုတ်တယ်Vsမဟုတ်ဘူး ရဲ့ အချက်အလက်စိစစ်သူတွေအနေနဲ့ ပြောပြပေးချင်တဲ့သတင်းအမှားတစ်ခုက တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Covid-19 Positive ဖြစ်နေပြီဆိုပြီး သတင်းမီဒီယာအ ယောင်ဆောင် ဖေ့ဘွတ်ခ်စာမျက်နှာတစ်ခုကဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားကိုဖြန့်ဝေထားတဲ့ စာမျက်နှာက Forward Media Group ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ထားတဲ့စာ မျက်နှာဖြစ်ပြီး သတင်းအတု/သတင်းအမှားတွေကိုပဲရေးသားဖော်ပြလေ့ရှိတဲ့ စာမျက်နှာဖြစ်ပါတယ်။ အဲ့ဒီစာမျက်နှာကဖြန့်ဝေထားတဲ့သတင်းအမှားကတော့ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တတိယအကြိမ်ဆေးစစ်ချက် Covid-19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ပြီးဖော်ပြထားတာဖြစ် ပါတယ်။ အဲ့ဒီသတင်းအမှားကို Like and Share ပြုလုပ်သူတွေက အများအပြားရှိနေတဲ့အတွက် အချက်အလက် စစ်ဆေးပြီးတော့ သတင်းအမှားဖြစ်ကြောင်း အွန်လိုင်းအသုံးပြုသူတွေသိအောင် ပြောပြရခြင်းဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စိစစ်လိုက်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်ဆိုတာက အခြေအမြစ်မှရှိတဲ့သတင်းအမှားဖြစ်မှန်းသက်သေပြနိုင်ပါ တယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိတ်သက်တွေအနေနဲ့လည်း ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒီလို သတင်းအချက်အလက်အဟောင်းတွေ၊အမှားတွေကို အသုံးပြုပြီး ကိုယ်လေးစားနှစ်သက်တဲ့ပါတီ၊ လူပုဂ္ဂိုလ်တွေကို ထောက်ခံအားပေးတဲ့အခါမှာ ဒီလို အချက်အလက်အမှားတွေကို အသုံးပြုပြီး ရေးထားတဲ့ သတင်းအမှားတွေကို မယုံကြည်မိဖို့လိုပါတယ်။ အဲဒီလိုမယုံကြည်မိဖို့ဆိုရင်တော့ သတင်းအမှားမှာ ပါဝင်တဲ့အချက်အလက်တွေကို သတင်းဌာနတွေမှာ ဖော်ပြထားသလားဆိုတာရယ် သတင်းနဲ့သက်ဆိုင်တဲ့ တရားဝင် ဝက်ဘ်ဆိုဒ်တွေမှာ ရော ဖော်ပြထားသလားဆိုတာရယ်နဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။
တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်စစ်ဆေးရာမှာ အခက်အခဲတစ်စုံတစ်ရာ ရှိရင်ပဲဖြစ်ဖြစ် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chat bot ကို ပေးပို့ပြီး သတင်းအမှား/အမှန် မေးမြန်းလို့ရပါတယ်။ သတင်းအမှန်လို့ အတည်မပြုရသေးခင်မှာတော့ Share မပြုလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/