ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့တဲ့သတင်းအမှားတစ်ခုကိုပြောပြပေး ချင်ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ သာသနာတော်ဆိုင်ရာဘွဲ့ပြန်ရုတ်သိမ်းခံရတဲ့ဆရာတော်က Q ဝင်နေတဲ့သူတွေကို လှူဒါန်းနေတယ်ဆိုပြီး ဖြန့်ထားတဲ့သတင်းအမှားဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို နေဝင်းထွန်းဆိုတဲ့အကောင့်ကနေ စက်တင်ဘာ ၁၆ ရက်မှာတင်ခဲ့တာဖြစ်ပြီးတော့ ပြန်လည်မျှဝေသူတွေနဲ့ ကော်ပီယူပြီးပြန်တင်တဲ့သူတွေရှိနေတဲ့အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်းပြောပြရ ခြင်းဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားမှာ ဖော်ပြထားတာက အဂ္ဂမဟာပဏ္ဍိတ ပြန်လည်ရုတ်သိမ်းခံရတဲ့ ဆရာတော်ဘဒ္ဒန္တ က္ကန္ဒာစရိယ မှ Q ဝင်နေသူများအားလှူဒါန်းနေစဉ် ဆိုတဲ့စာသားနဲ့အတူ သံဃာတော်နှစ်ပါးက လူတွေကိုလှူဒါန်းနေတဲ့ပုံကို တင်ထားတာဖြစ်ပါတယ်။ သတင်းအမှားရဲ့ Web Archive Link ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ တကယ်တော့ မူရင်းပုံနဲ့ မူရင်းလှူဒါန်းတဲ့ ဆရာတော်က သတင်းအမှားမှာ ဖော်ပြထားသလိုမျိုး သာသနာတော်ဆိုင်ရာဘွဲ့ပြန်ရုတ်သိမ်းခံရတဲ့ဆရာတော် မဟုတ်သလို Q ဝင်နေတဲ့သူတွေကို လှူဒါန်းတာလည်းမဟုတ်ပါဘူး။ အသေးစိတ်ကို အောက်မှာဆက်ဖတ်နိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့စစ်ဆေးကြည့်လိုက်မယ်ဆိုရင် နေဝင်းထွန်းဆိုတဲ့အကောင့်က ဖော်ပြထားတဲ့ အဂ္ဂမဟာပဏ္ဍိတ ပြန်လည်ရုတ်သိမ်းခံရတဲ့ ဆရာတော်ဘဒ္ဒန္တ က္ကန္ဒာစရိယ မှ Q ဝင်နေသူများအားလှူဒါန်းနေ တယ်ဆိုတဲ့အကြောင်းအရာက ပုံအမှန်ကို စာသားအကြောင်းအရာတွေနဲ့ပေါင်းစပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်တဲ့ သတင်းအမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။
ရွေးကောက်ပွဲနီးကပ်လာမှု၊ ကိုဗစ်-၁၉ တကျော့ပြန် ပျံ့နှံ့မှူနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီးဂရုစိုက်ဖတ်ရှုနားထောင်သင့်တဲ့အကြောင်းလည်း အကြံပြုလိုက်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/