ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ ပျံ့နှံ့နေတဲ့ သတင်းအမှားတစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။ ဒီသတင်းအမှားကတော့ စစ်ပွဲကြောင့် ရခိုင်ပြည်နယ်မှာ မိခင် တစ်ဦးဟာ ကလေးငယ်ကို နို့တိုက်နေရင်း သေဆုံးခဲ့ရတယ်ဆိုပြီး ရေးထားတာပဲဖြစ်ပါတယ်။စာသားနဲ့အတူ မိခင်တစ်ဦးက ထိခိုက်အနာတရ ဖြစ်လို့ လဲလျောင်းနေချိန်မှာ သူ့ကလေးကို နို့တိုက်နေတဲ့ ဓာတ်ပုံတစ်ပုံကိုပါ တွဲလျက် တင်ထားပါသေးတယ်။
ဒီသတင်းအမှားကို “Rakhine People” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ စက်တင်ဘာ ၆ရက်နေ့က တင်ထားတာပဲဖြစ်ပါတယ်။ ဒီပို့စ်ကို ယုံကြည်မိပြီး ပြန်လည်မျှဝေသူ ၁၂၀၀ ကျော်အထိရှိပါတယ်။ သတင်းအမှားကိုတော့ ဒီမှာ တွေ့ရမှာပါ။
ဘာကြောင့် သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
ဖော်ပြပါ အချက်အလက်တွေနဲ့ တိုက်ဆိုက်စစ်ဆေးကြည့်မယ်ဆိုရင် “Rakhine People” ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ စက်တင်ဘာ ၆ရက်နေ့က ရေးတင်ထားတဲ့ ပို့စ်ဟာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး သတင်းအမှား/အမှန် ဖြစ်တယ် လို့ ခွဲခြားလို့ရပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီး ဂရုစိုက် ဖတ်ရှုနားထောင်သင့်တဲ့ အကြောင်းလည်း အကြံပြုလိုက်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/