ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသူ များပြားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၂၀၀ဦးကို ပဲခူးတိုင်းဒေ သကြီး ညောင်လေးပင်မြို့နယ်မှာ ဖမ်းဆီးရမိဆိုသော သတင်းအကြောင်းအရာ ပဲဖြစ်ပါတယ်။
ဒီသတင်းအတု/ သတင်းအမှားအကြောင်းအရာကို မည်သူမည်ဝါမှန်း အတိအကျ မဖော်ပြထားတဲ့ “ဘုန်းနိုင်” ဆိုတဲ့ အမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်က စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်းမှာ ရေးတင်ထားတာပဲဖြစ်ပါတယ်။ ရေးသားထားတဲ့အကြောင်းအရာထဲမှာ ဘင်္ဂါလီများကို ဧရာဝတီတိုင်းမှ NLD ပါတီဝင် တစ်ဦးက ပဲခူးမြို့သို့ ပို့ပေးရန် တောင်းဆိုမှုကြောင့် ပို့ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများသည် NLD ပါတီကို ကြိုတင်မဲစာရင်းပေးထားသူများ ဖြစ်ကြောင်း စသည်ဖြင့် အချက်အလက် ခိုင်မာမှု မရှိသော အကြောင်းအရာများကို ရေးသားဖော်ပြထားပါတယ်။ ရေးထားသော အကြောင်းအရာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
ကိုဗစ်-၁၉ တကျော့ပြန်ပျံ့နှံ့မှုနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီး ဂရုစိုက် ဖတ်ရှုနားထောင်သင့်တဲ့ အကြောင်းလည်း အကြံပြုလိုက်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ် ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/