ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရှိတဲ့ ဒေသခံဆရာဝန်နှစ်ဦးကို အစိုးရက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းအမှားကို ယုံကြည်မိပြီး Share ပြုလုပ်သူဟာလည်း တစ်ထောင်ကျော်အထိရှိလာတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီသတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း အချက်အလက်စိစစ်ပြီး တင်ပြပေးသွားပါမယ်။
စစ်တွေမြို့နယ်က ဒေသခံဆရာဝန်နှစ်ဦးဟာ လက်ရှိကူးစက်နေတဲ့ ရောဂါဟာ Covid 19 လို့မပြောပဲ တုပ်ကွေးဖျားတာသာဖြစ်တယ်လို့ ပြောလို့ဆိုပြီး အစိုးရက ဖမ်းဆီးသွားပြီ ဆိုကာ သတင်းအမှား ထုတ်လွှင့်ထား တာပဲဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းအမှားကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသက်တွေအနေနဲ့လည်း ဒီလို ကပ်ရောဂါကာလမှာ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့သတင်းတွေကို လွယ်လွယ်လေးယုံပြီး၊ လွယ်လွယ်လေး share လိုက်တာမျိုးတွေမလုပ်ပဲ၊ သတင်းမီဒီ ယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ မီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လို ပါတယ်။အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေး ပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းပြီးမှ မျှဝေတာတွေပြုလုပ်ဖို့ အကြံပြုပါရစေ။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/