ဟုတ်တယ်Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ သတိထားမိလိုက်တဲ့ သတင်းအမှားတစ်ခုကို အားလုံးသိအောင်ပြောပြပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ သီတဂူဆရာတော် ဦးဉာဏိဿရ ကိုဗစ်-၁၉ ဖြစ်နေပြီဆို တဲ့သတင်းအမှားအကြောင်းအရာပဲဖြစ်ပါတယ်။
အဲ့ဒီသတင်းအတု/သတင်းအမှား ကို ကလျာ ဆိုတဲ့ အကောင့်က ပဲခူးသတင်းအကုန်သိရန် ဆိုတဲ့ Group မှာ တင်ခဲ့တာဖြစ်ပြီးတော့ အချိန်ခဏအတွင်းမှာ Share လုပ်သူ ၂၀၀ကျော်ကိုရောက်ရှိခဲ့ပြီး ပို့စ်ကိုဖျက်ပြီး ချဲ ဂဏန်းပေးတဲ့ပို့စ်ကိုအစားထိုးပြောင်းလဲလိုက်တာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင် သီတဂူဆရာတော်ကြီး ကိုဗစ် ဖြစ်နေပြီဆိုတဲ့ သတင်းက သတင်းအမှားဖြစ်ကြောင်းကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ တကျော့ပြန် ပျံ့နှံ့မှူနဲ့အတူ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန်သက်ရောက်စေနိုင်တဲ့သတင်း တွေ၊ အသံဖိုင်တွေ ဗီဒီယိုတွေကို ပိုပြီးဂရုစိုက်ဖတ်ရှုနားထောင်သင့်တဲ့အကြောင်းလည်း အကြံပြုလိုက်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/