ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ ဒီတစ်ခါသတိပြုမိခဲ့တဲ့သတင်းအမှားတစ်ပုဒ်ကတော့ သာသနာရေးဝန်ကြီးဖြစ်တဲ့သူရဦးအောင်ကိုက တရားပွဲတွေမှာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု မရွတ်ဆိုဖို့ ပြောတယ်ဆိုတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားဟာ ၂၀၁၇ ခုနှစ်တုန်းက ပျံ့နှံ့ခဲ့ဖူးတဲ့သတင်းအမှားဖြစ်ပြီး လက်ရှိမှာ ပြန်လည်ပျံ့နှံ့နေတဲ့အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်းကိုပြောပြရခြင်းဖြစ်ပါတယ်။
အဲ့ဒီသတင်းအမှားကို Thit Minn ဆိုတဲ့အကောင့်ကနေ ဩဂုတ်လ ၁၇ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီးတော့ အဲ့ဒီသတင်းအမှားကို ပြန်လည်မျှဝေသူပေါင်း ၉၀၀နီးပါးရှိနေပါတယ်။ ဖြန့်ဝေထားတဲ့သတင်းအမှား archive Link ကို ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေနဲ့တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင် Thit Minn ဆိုတဲ့အကောင့်ကနေဖော်ပြ ထားတဲ့ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု မရွတ်ဆိုဖို့ သာသနာရေးဝန်ကြီးပြောဆိုတယ်ဆိုတာက ၂၀၁၇ ခုနှစ်တုန်းက ပျံ့ခဲ့ဖူးတဲ့သတင်းအမှားဖြစ်ကြောင်းသက်သေပြနိုင်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးချိန်မှာ လူမှုကွန်ရက်တွေပေါ်မှာ ရွေးကောက်ပွဲကိုရည်ရွယ်ပြီးဖြန့်တဲ့ သတင်းအမှားတွေ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့နိုင်ငံရေးပါတီတွေကို ဝေဖန်တိုက်ခိုက်တာ တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်တာတွေ အများအပြား တွေ့ရပါတယ်။
ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ လူမှုကွန်ရက်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/