Fact Check|ယုန်လေးရဲ့ MTV နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးတယ်ဆိုတဲ့ သတင်းအမှား

လူပြောများနေတဲ့ ယုန်လေးရဲ့ သီချင်းဗီဒီယို MTV နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီသတင်းအမှား ဘယ်ကနေပျံ့နှံ့လာသလဲဆိုတာနဲ့ ဘာလို့သတင်းအမှားလို့ ပြောနိုင်ရတာလဲဆိုတာကို အချက်အလက်စစ်ဆေးပြ ပါမယ်။

သတင်းအမှားပျံ့နှံ့ရောက်ရှိမှု

ဒီသတင်းအမှားကို မတူညီတဲ့ ဖေ့ဘွတ်ခ် ဂရု၊ ပေ့ချ် ၁၄ ခုကနေ တင်ထားတာကို Crowdtangle ရဲ့ Link Checker Tools ကို အသုံးပြုပြီး လေ့လာစစ်ဆေးမှုကနေ သိရပါတယ်။ စာသားနဲ့ ဖော်ပြထားတဲ့ သတင်းအမှား အပြင်  You Tube မှာ ပါ ဗီဒီယိုသတင်းအနေနဲ့ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် သတင်းအမှား ဖြန့်ဝေသူတွေဟာ မတူညီတဲ့ လူမှုကွန်ရက် ပလက်ဖောင်းအမျိုးမျိုးမှာ ဒီသတင်းအမှားကို ပျံ့နှံ့ရောက်ရှိဖို့ ရည်ရွယ်တယ်ဆိုတာကိုတွေ့နိုင်ပါတယ်။ စာသားအနေနဲ့ တင်ထားတဲ့သတင်းအမှားက Share 500 နီးပါးအထိရှိ ပြီး ဗီဒီယိုအနေနဲ့ You Tube မှာ တင်ထားတဲ့ သတင်းအမှားကတော့ ဩဂုတ်လ ၉ရက်နေ့ မွန်းတည့်၁၂နာရီ အချိန် အထိ ကြည့်ရှုသူ လေးသောင်းကျော်အထိ ရှိလာနေတာကိုတွေ့ရပါတယ်။

ဒီသတင်းအမှားကို မတူညီတဲ့ ဖေ့ဘွတ်ခ် ပေ့ချ်နဲ့ ဂရု ၁၄ခုမှာ တင်ထားတာကို Crowd Tangle Link Checker ကနေ အခုလို တွေ့ရပါတယ်။


ဘာလို့သတင်းအမှားလို့ ပြောရတာလဲဆိုရင်

 

  • ဒီသတင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမျိုး လုံးဝမရှိပါဘူး။

  • ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့ဘွတ်ခ်အကောင့် နဲ့  ပေ့ချ် တွေမှာလည်း ရေးသားဖော်ပြထားတာ မျိုးမရှီပါဘူး။

  • ဒီလို လူစိတ်ဝင်စားစေတဲ့ ကောလာဟလသတင်းတွေ၊ အတင်းအဖျင်းသတင်းတွေကို တင်တဲ့ Website တွေနဲ့ You Tube Channel တွေဟာ သူတို့ တင်တဲ့ သတင်းကို လူဝင်ရောက်ဖတ်ရှုမှုနှုန်း၊ ကြည့်ရှုမှုနှုန်း ပေါ်မူတည်ပြီး သက်ဆိုင်ရာ လူမှုကွန်ရက်မီဒီယာကုမ္ပဏီတွေဆီကနေ အခကြေးငွေပြန်လည်ရရှိပါ တယ်။ ဒီသတင်းအမှားကို တင်တဲ့ Website တွေနဲ့ Myanmar Today Channel ဆိုတဲ့ You Tube Channel ဟာလည်း ဒီလို အတင်းအဖျင်းသတင်းအမှားတွေကိုတင်ပြီး ငွေရှာနေတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ Channel တွေဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီသတင်းဟာ ရည်ရွယ်ချက်ရှိရှိ ပျံ့နှံ့အောင် လုပ်ထားတဲ့ သတင်းအမှားဆိုတာ ပေါ်လွင်ထင်ရှားပါ တယ်။ စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက်မီဒီယာပေါ်မှာ သတင်းတစ်ပုဒ်ကို စာနဲ့ ပဲဖြစ်ဖြစ်၊ ဗီဒီယိုနဲ့ပဲဖြစ်ဖြစ် တွေ့ပြီဆိုရင် လွယ်လွယ်မယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်း မီဒီယာတွေမှာ ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။ ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေရဲ့ Blue Mark ရထားတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တွေ၊ အကောင့်တွေ၊ ဝက်ဘ်ဆိုဒ်တွေမှာလည်း သွားရောက်ကြည့်ရှုပြီး စစ်ဆေးလို့ရပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ သတင်းအမှားတွေ၊ လှုံ့ဆော်ရေးသာားချက်တွေကလည်း ပိုမိုများပြားလာတာမို့ သတင်းတွေကို အရင်က ထက်ပိုပြီး သတိထား ဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ။ အကယ်၍ သတင်းတွေကို အမှား/အမှန် ခွဲခြားရခက်နေ ရင်လည်း ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ Chat Bot ကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ 

https://www.realornotmm.info/complaint-form/