NLD ပါတီက အမတ်လောင်းအမည်စာရင်း ထုတ်ပြန်ပြီးနောက် NLDပါတီထဲတွင် အုပ်စုဖွဲ့၍ သူ့လူ ကိုယ်လူ ရွေးချယ်သည်ဟုဆိုကာ တစ်နိုင်ငံလုံးရှိ NLDပါတီဝင်များထဲမှ ပါတီဝင်အများစု နှုတ်ထွက်စာတင်၍ ထွက်ကုန်ကျပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။
ဒီသတင်းအကြောင်းအရာကို သတင်းမီဒီယာအယောင်ဆောင်ထားတဲ့ Radio Freedom Myanmar(RFM)က Template ပုံစံနဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ RFM logo နဲ့ရေးသားလေ့ရှိတာက သတင်းအမှားအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဒီလို Template ပုံစံနဲ့ ရေးထားတာကို “Khun Sai Lieng” ဆိုတဲ့အကောင့်က ဇူလိုင် ၂၄ရက်နေ့မှာ တင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအကောင့်က ရေးသားထားသော အကြောင်းအရာကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီအကောင့်ဟာ RFMက Template သတင်းတု၊ သတင်းအမှား၊ အယောင်ဆောင်သတင်းတွေကို ပြန်လည် မျှဝေလေ့ရှိတဲ့ အကောင့်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။
ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
ဒီလို အချက်အလက်တွေကို စစ်ဆေးပြီးနောက် NLD ဗဟိုက အမတ်လောင်စာရင်း ထုတ်ပြန်ပြီးနောက် ပါတီဝင် အများစု နှုတ်ထွက်ကုန်ပြီဆိုတာဟာ သတင်းအမှား ဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ပါတယ်။
ဒီအကြောင်းအရာကို Template ပုံစံနဲ့ ရေးသားတဲ့ RFMဟာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားနေတဲ့ သတင်းမီဒီယာတစ်ခုမဟုတ်ပါဘူး။ RFM ကို လေ့လာစိစစ်ကြည့်လိုက်တဲ့အခါမှာ RFA သတင်းဌာနရဲ့ လိုဂိုကို တုပပြီး နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ သတင်းအတုအယောင်တွေ၊ ဘာသာရေးကို တိုက်ခိုက်ရေးသားတာမျိုးတွေနဲ့ သတင်းအမှားရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။
RFM ဟာ Page ဖွင့်လှစ်ပြီး သတင်းအမှားဖြန့်ဝေတာမျိုးမဟုတ်ပဲ လိုဂိုအတုဖန်တီးပြီး မန်ဘာအရေ အတွက်များတဲ့ ဂရုတွေ၊ ပေ့ချ်တွေကနေ သတင်းအမှားဖြန့်ချိတဲ့ ပုံစံကိုအသုံးပြုနေ တာဖြစ်ပါတယ်။ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်သလို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့လည်း တိုက် ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ဒီလို သတင်းမီဒီယာ အယောင်ဆောင်လိုဂိုနဲ့ သတင်းအမှားဖြန့်ချိနေတဲ့ နည်းလမ်းတွေလည်းရှိတာမို့ သတင်းတွေဖတ်မယ်ဆိုရင် စိစစ်ပြီးမှ ဖတ်ရှုသင့်ပါတယ်။
သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။
https://www.realornotmm.info/complaint-form/