သတင်းအမှားတွေဟာ လူမှုကွန်ရက်မီဒီယာတွေမှာ ပုံစံအမျိုးမျိုးနဲ့ရှိနေတတ်ပါတယ်။ အဲ့ဒီထဲကမှ လူမှုအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်ပြားစေနိုင်တဲ့သတင်းအမှားတွေရှိသလို ဟာသအနေနဲ့ သရော်လှောင်ပြောင် ဖန်တီးထားတဲ့ သတင်းအမှားတွေလည်းရှိတတ်ပါတယ်။
ဒီတစ်ခါ ဟုတ်တယ် Vs မဟုတ်ဘူး က အချက်အလက်စိစစ်သူတွေ သတိပြုမိတဲ့ သတင်းအမှားတစ် ခုကိုပြောပြပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ “မိမိတို့ ပါတီအာဏာရပါက ပြည်ပအားမကိုးဘဲ လှိုင်သာယာစက်မှုဇုန်တွင် ကိုယ်ပိုင်ဂြိုလ်တုကို တီထွင်တည်ဆောက်ပြီး တစ်လကို တစ်စင်းနှုန်းဖြင့် လွှတ်တင်ပြမည်ဟု ပြည်ခိုင်ဖြိုးပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့် ပြောကြား” ဆိုတဲ့ သရော်လှောင်ပြောင်ထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
သတင်းအမှားပျံ့နှံ့မှုဆန်းစစ်ချက်
ဒီသတင်းအမှားဟာ “အမေစုကို ချစ်ကြသူများသာ(သီးသန့်)”ဆိုတဲ့ ဖေ့ဘွတ်ခ် Page မှာ “Myat Moe Thu” ဆိုတဲ့ အကောင့်က “အဝတ်ချုပ်အပ်တစ်ချောင်းပဲ အရင်ထုတ်ပြပါအုံး” ဆိုတဲ့ မှတ်ချက်နဲ့အတူ ဇူလိုင် ၂၁ရက် မွန်းလွဲ ၃နာရီကျော် တင်ထားတာပဲဖြစ်ပါတယ်။
ဇူလိုင် ၂၂ရက် ညနေပိုင်းမှာတော့ ဒီသတင်းအမှားကို Like & Reaction ပြုလုပ်သူ ၃၁၀၀ ကျော်၊ မှတ်ချက် ရေးသားသူ ၁၆၀၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၅၈၀ ကျော်အထိ ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။
USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ရဲ့ ဓာတ်ပုံနှင့်အတူ ပျံ့နှံ့နေတဲ့ ဒီသတင်းအမှားအကြောင်းအရာ Post ရဲ့အောက်မှတော့ ဝေဖန်လှောင်ပြောင်တဲ့မှတ်ချက်အများအပြားနဲ့ သရော်လှောင်ပြောင်ထားတဲ့ မှတ်ချက်အများအပြားကို တွေ့ရ ပါတယ်။
ဘာလို့ သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
ဒါ့ကြောင့် ဒီအကြောင်းအရာဟာ သရောင်လှောင်ပြောင်တဲ့အနေနဲ့ ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။
အာဏာရရင် လှိုင်သာယာစက်မှုဇုန်မှာ ကိုယ်ပိုင်ဂြိုလ်တုကို တီထွင်တည်ဆောက်ပြီး တစ်လကို တစ်စင်းနှုန်းဖြင့် လွှတ်တင်ပြမယ်ဆိုတဲ့ အကြောင်းအရာဟာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ထိခိုက်နိုင်တဲ့ အခြေအနေမရှိပေမဲ့ ရွေးကောက်ပွဲနားနီးတဲ့ ကာလမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက အမှန်တကယ်မပြောဘဲ သရော်လှောင်ပြောင်တဲ့အနေနဲ့ မဟုတ်မမှန်ရေးသား ဖြန့်ဝေတာကို သတိထားဖို့ လိုပါတယ်။
လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် သတင်းတွေကိုဖတ်ရှုရာမှာ သတင်းမှာပါဝင်တဲ့ စာသားတွေအပြင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေကိုပါ စစ်ဆေးပြီး အမှား/အမှန် စိစစ်သင့်ပါတယ်။
တကယ်လို့ သတင်း အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger botကို ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့လင့်ခ်ဒါမှမဟုတ်Screenshotကို ပေးပို့ပြီး မေးမြန်း စိစစ်နိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/