လူမှုကွန်ယက်ပေါ်တွင် ‘ဝ’က ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေပါပြီဆိုတဲ့ သတင်းအမှားကို TAI History ဆိုတဲ့ စာမျက်နှာမှာ ဖော်ပြထားတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိခဲ့ပါတယ်။ ပျံ့နှံ့နေတဲ့ သတင်းအမှားအကြောင်းအရာကတော့ “တရုတ်ဘဏ်တွင်ရွှေ အပေါင်ထားပြီး ‘ဝ’ငွေလဲလှယ်မှုမှာ ‘ဝ’ငွေ၁၀၀တန်သည် မြန်မာကျပ်ငွေ၂၀၀၀၀နှင့် ညီမျှကြောင်း၊ ‘ဝ’ ပြည်နယ်သို့မြန်မာဝန်ထမ်းတစ်ယောက်မှ အဝင်မခံဘူး၊ ‘ဝ’ ပြည်နယ်သည်ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတပ်မှူး၊တိုင်းမှူး လာမည်ဆိုလျှင် ကြိုတင်အကြောင်းကြားပြီးမှလာရကြောင်းရေးသားထားပါတယ်။ ‘ဝ’ ငွေစက္ကူထဲတွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း ၏ရုပ်ပုံဖြင့်ဖော်ပြထားပါတယ်။”
အဲ့ဒီသတင်းအမှားကို likeပြုလုပ်သူ ၁၅၄၀၊ ပြန်လည်မျှဝေသူ ၄၇၄၀ဦးအထိရှိပါတယ်။ ဒီသတင်းကို ဘာကြောင့်သတင်းအမှားလဲလို့ပြောရလဲဆိုရင်
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားဖြန့်တာတွေက ပိုမိုများပြားလာအတွက် အင်တာနက်အသုံးပြုသူတွေအနေနဲ့ ထိလွယ်ရှလွယ် သတင်းတွေကိုတွေ့ရင် သတိပြုဖတ်ရှုဖို့လိုအပ်ပါတယ်။ ဒီလို ဖေ့ဘွတ်ခ် ဂရုတွေ၊ မည်သူ မည်ဝါ မဖော်ပြတဲ့ အကောင့်တွေ က ပျံ့နှံ့လာတဲ့ သတင်းတွေ တွေ့ပြီဆိုရင် ဂရုတွေ၊ အကောင့်တွေရဲ့ နာမည်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်သင့်ပါတယ်။ သတင်းကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
တကယ်လို့တိုက်ဆိုင်စစ်ဆေးဖို့တွက်အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ်Vs မဟုတ်ဘူးရဲ့ Messenger Bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းမူရင်းလင့်ခ် ဒါမှမဟုတ် Screenshot ပေးပို့ပြီး လာရောက်စိစစ်ခိုင်းလို့ရပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/