ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ Messenger bot ကို ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း ဖေ့ဘွတ်ခ်အသုံးပြုသူတွေ အများအပြား လာမေးကြတဲ့ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒီသတင်းက ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါဖြစ်နေတဲ့အတွက် တောင်ကြီး ဆီဆိုင်လမ်းကိုပိတ်ဆို့လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းကို အချက်အလက်စစ်ဆေးပြီးတဲ့အခါမှာတော့သတင်းအမှားဖြစ်ကြောင်းစိစစ်တွေ့ရတဲ့အတွက် အားလုံးကိုအသိပေးရခြင်းဖြစ်ပါတယ်။
သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းစိစစ်ချက်
အဲ့ဒီသတင်းအမှား ကို တောင်ကြီးသတင်းစုံလင်လို့နာမည်ပေးထားတဲ့ Facebook Group မှာ ငြိမ်းငြိမ်းသန်း ဆိုတဲ့ အကောင့်က တင်ထားခဲ့တာဖြစ်ပါတယ်။ တင်ထားတဲ့သတင်းအမှားအကြောင်းအရာကတော့ “တောင်ကြီး ဆီဆိုင်လမ်းကို အခုက စပြီး ပိတ်ဆို့လိုက်ပြီ။ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွား နေကြောင်းလည်း သိရပါတယ်။ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ။လူစိမ်းဝင်လာလျှင် နီးစပ်ရာရဲစခန်းသို့အမြန်အကြောင်း ကြားကြပါ”ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားကို Like and Reaction ပြုလုပ်သူ ၁ထောင်ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၃၅၀၀ ရှိနေပါတယ်။ သတင်းအမှားရဲ့ Web-archive Link ကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Claim Request| တောင်ကြီး-ဆီတိုင်လမ်းကိုပိတ်လိုက်ပြီဆိုတာဟုတ်ပါသလား
Fact Check|သတင်းအမှားဖြစ်ပါတယ်။ တောင်ကြီး-ဆီဆိုင်လမ်းကိုပိတ်ဆို့ထားခြင်းမရှိသလို သတင်းအမှားမှာအသုံးပြုထားတဲ့ပုံက အိန္ဒိယနိုင်ငံမှာ လော့ဒေါင်းကာလအတွင်းပြည်နယ်တစ်ခုနဲ့တစ်ခုပိတ်ဆို့ထားတဲ့ပုံကို ယူသုံးပြီးသတင်းအမှားဖန်ထားထားတာဖြစ်ပါတယ်။
ဘာကြောင့် သတင်းအမှားလဲလို့ ပြောရတာလဲဆိုရင်
အထက်ပါအချက်တွေအားလုံးနဲ့ အဆင့်ဆင့် တိုက်ဆိုင်စစ်ဆေးပြီးတဲ့အခါမှာတော့ ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေသလို တောင်ကြီး ဆီဆိုင်လမ်းကို ပိတ်ဆို့လိုက်ပြီဆိုတဲ့ သတင်းက သတင်းအမှားဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။ တကယ်လို့ တိုက်ဆိုင် စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ ChatBot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စစ်ဆေးနိုင်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ https://www.realornotmm.info/complaint-form/