Fact Check| သမ္မတနဲ့ဒေါက်တာဇော်မြင့်မောင်တို့ Chat Box ကနေ ပြောထားတဲ့ စကားတွေ ပေါက်ကြားတယ်ဆိုတဲ့ သတင်းအမှား၊

နိုင်ငံတော်သမ္မတနဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ Chat Box ကနေ ပြောထားတဲ့ စကားတွေ ပေါက်ကြားတယ်ဆိုတဲ့သတင်းအမှား တစ်ပုဒ်ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူး က သတိပြုခဲ့မိပါတယ်။ ဒါ့ကြောင့် စာဖတ်သူတွေ မယုံရအောင် ဒီသတင်းဟာ သတင်း အမှားဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒေါက်တာဇော်မြင့်မောင်တို့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စကားတွေ ပြောကြားထား သယောင်ယောင်ယောင် နဲ့ အယောင်ဆောင်ဖန်တီးထားတဲ့ Chat Box Screen Shot တွေကို တင်ပြီး သတင်း အမှားဖြန့်ချိထားတာဖြစ်ပါတယ်။ ဘာလို့ သတင်းအမှားလို့ ပြောရတာလဲဆိုတော့….

 

  • ဒီသတင်းအမှားကို ရွှေခီး ဆိုတဲ့ ဖေ့ဘွတ်ခ် အကောင့်ကနေ စတင်ထားတာဖြစ်ပါတယ်။

  • ဒါ့အပြင် ဒီသတင်းအမှားကိုပဲ လူထုဟစ်တိုင် ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေ ပြန်လည်တင်ထားတာကို လည်းတွေ့ရပါတယ်။

  • ဒီသတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း မန္တလေးမြို့ အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Mandalay News Journal ကနေ ဒေါက်တာ ဇော်မြင့်မောင်က ပြန်လည် ဖြေရှင်းထားတာကိုတွေ့ရ ပါတယ်။ ဒီလင့်ခ် မှာ ဝင်ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲကာလ နီးကပ်လာတဲ့အချိန်မှာ ဒီလိုမျိုး တစ်ဖက်နဲ့ တစ်ဖက် အပုတ်ချတိုက်ခိုက်တဲ့ သတင်းအမှား တွေက များပြားလာနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအ နေနဲ့ ဖေ့ဘွတ်ခ်မှာ တွေ့ရတဲ့ သတင်းတိုင်းကိုမယုံပဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။ အကယ်၍ တိုက်ဆိုင် စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ ChatBot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စစ်ဆေးနိုင်ပါတယ်။