မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှာ ကိုရင်လေးတစ်ပါးကို ဗလီဂေါပက သတ်တယ်ဆိုပြီး ဘာသာရေးလူမျိုးရေး ပဋိပက္ခဖြစ်အောင်လို့ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကို ဟုတ်တယ် vs မဟုတ်ဘူးက သတိပြုမိပါတယ်။
ဒီသတင်းအမှားကို အမျိုးဘာာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဆိုတဲ့ ဖေ့ဘွတ်ခ် ဂရုတစ်ခုမှာ Ko Nge ဆိုတဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းမဖော်ပြတဲ့ အကောင့်တစ်ခုက စတင်ထားတာဖြစ်ပါတယ်။ ဒီဂရုဟာ တစ်ဖက်သက်သတင်းအမှားတွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ ဓာတ်ပုံတွေ ၊စာတွေကို တင်ထားတဲ့ ဂရု တစ်ခု ဖြစ်တယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။ ဒီသတင်းအမှားကို မည်သူမည်ဝါ မသိရတဲ့ သင်္ကန်းဝတ် တစ်ပါး လဲလျောင်းကျနေတဲ့ ဓာတ်ပုံနဲ့ ရဲတပ်ဖွဲ့ဝင် လေးယောက် ရပ်နေတဲ့ ဓာတ်ပုံနှစ်ပုံကို ယှဉ်တွဲ တင်ထားတာဖြစ်ပါတယ်။
ဘာလို့ သတင်းအမှားလို့ပြောရတာလဲဆိုရင်
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကို အသိပေးလိုတာက ဒီလို ဖေ့ဘွတ်ခ် ဂရုတွေက ပျံ့နှံ့လာတဲ့ သတင်းတွေ တွေ့ပြီဆိုရင် ဂရုတွေနဲ့ နာမည်နဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်သင့်ပါတယ်။သတင်းကိုလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဖော်ပြထားတဲ့ သတင်းတွေမှာရော ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် ဒီလို ရွေးကောက်ပွဲ နီးချိန်ကာလမှာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်၊ ပဋိပက္ခတွေ ဖြစ်အောင် ရည်ရွယ် ချက်ရှိရှိ သတင်းအမှားနဲ့ အမုန်းစကားဖန်တီးမျှဝေနေတဲ့ အကောင့် အွန်လိုင်းပေါ်မှာ ရှိနေတာမို့လို့ သတင်းမှာပါဝင်တဲ့ အချက်အလက်တွေကို စစ်ဆေးပြီးမှ မျှဝေသင့်ပါတယ်။ အကယ်၍ စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်၊ မစစ်ဆေးနိုင်တာပဲဖြစ်ဖြစ် ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ ChatBot ကို ပေးပို့ပြီး သတင်းအမှား/အမှန် စိစစ်ခိုင်း လို့ရပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။
https://www.realornotmm.info/complaint-form/