ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းအမှား တစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ AA အဖွဲ့က မထောက်ပံ့တော့တဲ့အတွက် ခြေတစ်ဖက်တည်း နဲ့ ဘဝကို ရုန်းကန်ရတော့မယ်ဆိုပြီး ခြေတစ်ဖက်ပြတ် ဒဏ်ရာရနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ ဓာတ်ပုံကို အသုံးချပြီး ဖန်တီးထားတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းမှာပါဝင်တဲ့ ဓာတ်ပုံနဲ့စာသားအကြောင်းအရာတွေကို စစ်ဆေး ကြည့်လိုက်တဲ့အခါမှာ သတင်းအမှားဖြစ်နေတာကိုတွေ့ရတဲ့ အတွက် အားလုံးသိအောင် ပြောပြ လိုက်ရပါတယ်။
သတင်းအမှားပျံ့နှံ့ရခြင်း ဆန်းစစ်ချက်
ဒီသတင်းအမှားကို Emerald Zin ဆိုတဲ့ မည်သူ မည်ဝါ မဖော်ပြတဲ့အကောင့်တစ်ခုကနေ တင်ထားတာကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက စတင်တွေ့ရှိခဲ့ပါတယ်။ ခြေတစ်ဖက်ပြတ်သွားတဲ့ အမျိုးသမီးရဲ့ နာမည်ဟာ မမိုးမိုးနွယ်ဖြစ်ပြီး AA တပ်ဖွဲ့ရဲ့ စစ်သင်တန်းကျောင်းထွက် ဖြစ်ကာ တိုက်ပွဲတိုက်နေရင်း ခြေထောက်တစ်ဖက်ပြတ်သွားရတာဖြစ်တယ်လို့ စွပ်စွဲရေးသားထားပါတယ်။ ဒါ့အပြင် ဒီလိုဖြစ်ရပ်အတွက် AA တပ်ဖွဲ့က ထောက်ပံ့ကြေးမပေးလို့ မမိုးမိုးနွယ်က မကျေမနပ်ဖြစ်နေတယ်လို့ လည်းရေးသားထားပါသေးတယ်။ဒီစာနဲ့အတူ ဓာတ်ပုံသုံးပုံကို တင်ထားပါသေးတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
သတင်းအမှားပျံ့ နှံ့စေရန် အကောင့်၊ပေ့ချ်၊ဂရုများတွင် ဖြန့်ဝေထားပုံ
ဒါ့ကြောင့် ဒီသတင်းဟာ Development Media Group က တင်ထားတဲ့ သတင်းဆောင်းပါးကို အသုံးပြုပြီး အဓိပ္ပာယ်လွဲမှားအောင် စာသားအနည်းငယ်ပြင်ဆင်ကာ ဖန်တီးထားတဲ့ သတင်းအမှားသာလျှင် ဖြစ်ပါတယ်။ ဓာတ်ပုံတွေကလည်း ဧရာဝတီ သတင်းဌာနက တင်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ သတင်းအမှားဖန်တီးထားခြင်းဖြစ်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူး ရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း သတင်းတွေကို ဖတ်မယ်ဆိုရင် သတင်းမှာ ပါဝင်တဲ့ ဓာတ်ပုံနဲ့စာသားအကြောင်းအရာတွေကို အခုလိုပဲစစ်ဆေးနိုင်ပါတယ်။ အကယ်၍ သတင်းတွေကို စိစစ်ဖို့ အချိန်မရှိဘူးဆိုရင်လည်းသတင်းအမှန်မှန်းမသေချာသေးခင် Share ပြုလုပ်တာတွေမလုပ်ပဲ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်မေးမြန်းကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။
https://www.realornotmm.info/complaint-form/