ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတစ်ပုဒ်ကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ စစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ နေရတဲ့ အတွက် ရဲဝန်ထမ်းတွေ ဆန္ဒပြတယ်ဆိုတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။ ဇွန်လ ၁၅ရက်နေ့ကတင်ထားတဲ့ ဒီသတင်းအမှားဟာ Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိနေတဲ့အတွက် ဒီသတင်းကို အချက်အလက်စစ်ဆေးကြည့်တဲ့ အခါမှာ သတင်းအမှားဖြစ်နေလို့ အားလုံးသိအောင် ပြောပြလိုက်ရပါတယ်။
သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက်
ဒီသတင်းအမှားကို စစ်သွေး ဆိုတဲ့ မည်သူမည်ဝါ မဖော်ပြတဲ့အကောင့်တစ်ခုကနေ တင်ထားတာဖြစ်ပြီးတော့ ပြည်တွင်းစစ်တွေ အတွင်းမှာ ရဲတွေနဲ့ နယ်ခြားစောင့်ရဲတွေဟာ စစ်တပ်ရဲ့ကွပ်ကဲမှုအောက်မှာ နေနေရတဲ့ အတွက် ရဲအလုပ်ကိုသာ လုပ်ခွင့်ပေးဖို့ တောင်းဆိုဆန္ဒပြကြတာဖြစ်တယ်လို့ သတင်းအမှားမှာ ရေးသားထား ပါတယ်။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာရဲလိုင်းတန်းတွေ ရဲ့ ရှေ့မှာ အစာမစားပဲဆန္ဒပြခဲ့ကြတယ်လို့ လည်းရေးသားထားပါတယ်။
ဘာလို့သတင်းအမှားလို့ ပြောရတာလဲဆိုရင်
အခုလို အချက်အလက်စစ်ဆေးမှုတွေကြောင့် ဒီသတင်းဟာ သတင်းအမှားပဲဖြစ်ပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းအမှားလို့ ယူဆရတဲ့ သတင်းတစ်ပုဒ်ကို တွေ့ပြီဆိုရင် သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့သတင်းမီဒီယာတွေမှာ ဖော်ပြထာားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။Google မှာလည်း အဲဒီဖြစ်စဉ်အကြောင်းကို ရှာဖွေ ပြီး သတင်းရင်းမြစ်မျိုးစုံနဲ့တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။
အကယ်၍တိုက်ဆိုင်စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်တော့ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား /အမှန် မေးမြန်းစိစစ်ခိုင်းလို့ရပါတယ်။
ဝေဖန်အကြံပြုရန်
ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။