Fact Check| Mask တပ်ရင်ဂွေးတောက်ရွက်လေးကိုချေပြီးထည့်ပါလို့ ဝေမျှနေတဲ့ သတင်းအမှား

ဒီတစ်ခါမှာ ဟုတ်တယ် Vs မဟုတ်ဘူးက ဝေမျှပေးချင်တဲ့ သတင်းအမှားတစ်ခုကတော့ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ သတင်းအမှားတစ်ခုပဲဖြစ်ပါတယ်။  အဲ့ဒီသတင်းအမှားက တော့ ကိုဗစ်ကာလ အပြင်ထွက်လို့ maskနှာခေါင်းစီးတပ်ရင်ဂွေးတောက်ရွက်လေးကိုချေပြီးထည့်ပါ လို့ ခေါင်းစဉ်တပ်ပြီးတော့ သတင်းမီဒီယာအယောင်ဆောင် Click bait ဝဘ်ဆိုက်ဒ်တွေက တင်ထားတာဖြစ်ပါ တယ်။ 

 

သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် 

 

အဲ့ဒီကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့သတင်းအမှားကို apannpyay.com  ဆိုတဲ့ သတင်းမီဒီယာအယောင် ဆောင် ဝဘ်ဆိုက်ကနေ အရင်ဆုံးတင်ခဲ့တာဖြစ်ပြီးတော့ Page တွေနဲ့ Group တွေကို ဖြန့်ဝေထားတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက စစ်ဆေးတွေ့ရှိထားတာဖြစ်ပါတယ်။ သတင်းမီဒီယာအယောင်ဆောင်ဝဘ်ဆိုက်ဒ်က တင်ထားတဲ့ Archive Link ကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ 

သတင်းအမှားကို မတူညီသည့် Page များနှင့် Group များသို့ ဖြန့်ဝေထားပုံ

 

ဘာလို့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

 

  • သတင်းအမှားမှာ ဖော်ပြထားတဲ့အကြောင်းအရာကတော့ Mask တပ်ရင် ဂွေးတောက်ရွက်ခံပြီး တပ်ရင် အောက်စီဂျင်ရလို့ ခေါင်းမမူး တဲ့အကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဂွေးတောက်ရွက်က အောက်စီဂျင်ရတယ် ဆိုတဲ့ ဆေးပညာရပ်ဆိုင်ရာ သုတေသနနဲ့ သက်သေပြချက်မရှိပါဘူး။

  • Mask ကို ပြင်ပက ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို အသက်ရှုလမ်းကြောင်းထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ခြေကို လျှော့ချဖို့အတွက်အသုံးပြုတပ်ဆင်ကြတာဖြစ်ပါတယ်။ Mask က သန့်ရှင်းဖို့လိုအပ်ပြီးတော့ ဂွေးတောက်ရွက်ကို ထည့်ထားမယ်ဆိုရင် သန့်ရှင်းမှုလုံးဝမရှိတော့တဲ့အတွက် အန္တရာယ်ရှိပါတယ်။ 
  • ဂွေးတောက်ရွက်ခံပြီး Mask တပ်ရင် အောက်စီဂျင်ရတယ်ဆိုတာကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ဝဘ်ဆိုက်မှာလည်း ဖော်ပြထားခြင်းမရှိပါဘူး။ ဒီမှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO ကလည်း Mask တပ်ရင် ဘယ်လိုအသုံးပြုရမလဲဆိုတာကို တိတိကျကျဖော်ပြထားပါတယ်။ ဒါပေမယ့် သတင်းအမှားမှာဖော်ပြထားသလိုမျိုး အရာဝတ္ထုတစ်ခုခုကို Mask ထဲထည့်ပြီး တပ်လို့ရတယ်ဆိုပြီး လုံးဝ မဖော်ပြထားပါဘူး။ WHO ကဖော်ပြထားတဲ့ တစ်ခါသုံး Mask တွေကို အသုံးပြုရာမှာ ရှောင်ရန်အချက်တွေကို ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။ Mask ကို ဘယ်လိုစနစ်တကျအ သုံးပြုရမလဲဆိုတာကိုတော့ ဒီမှာ ဝင်ကြည့်နိုင်ပါတယ်။

  • ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ယုံတမ်းတွေကို WHO က မြန်မာဘာသာနဲ့ ဖော်ပြထား တာရှိပါတယ်။ အဲ့ဒီမှာ အခုဂွေးတောက်ရွက်ကိစ္စလိုမျိုး အန္တရာယ်ရှိတဲ့ ဆေးမြီးတိုတွေအကြောင်း လည်းပါဝင်ပါတယ်။ ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး  ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေ အစိုးရရဲ့တရားဝင်သတင် းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။ 

သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။