Fact Check| ထီပေါက်သူတွေကိုအသုံးချ အလှူပေးမယ်လို့ လှည့်ဖျားပြီး ဂရုမန်ဘာတိုးပွားအောင်လုပ်နေတဲ့ ဖေ့ဘွတ်ခ်ဂရုတစ်ခု

ဟုတ်တယ် Vs မဟုတ်ဘူးက  ဒီတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Facebook ပေါ်မှာ ထီပေါက်သူတွေကိုအသုံးချ အလှူပေးမယ်ဆိုပြီး  လှည့်ဖျားပြီးတော့ Group Member တိုးအောင် လှည့်ဖျားနေတဲ့ Facebook Group တစ်ခုအကြောင်းပါ။ 

 

အဲ့ဒီ Facebook Group နာမည်က ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့  ဆိုတဲ့နာမည်နဲ့ဖြစ်ပြီး အဲ့ဒီဂရုကို  ဇွန်လ ၃ ရက်နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် ၂၄နာရီအတွင်းမှာ မန်ဘာဦးရေ တစ်သိန်းကျော်ထိရောက် ရှိလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဂရုကို ထိန်းချုပ်ထားတဲ့အကောင့်တုတွေက ထီပေါက်သူတွေကို အသုံးချပြီးတော့ အလှူပေးမယ် ဆိုပြီး မက်လုံးပေး လှည့်ဖျားပြီး ဂရုမှာ မန်ဘာဦးရေတွေတိုးပွားအောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

 

Group စတင်ဖွင့်လှစ်ပြီး မန်ဘာဦးရေတွေတိုးပွားလာအောင်ပြုလုပ်ပုံ

 

ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့  ဆိုတဲ့ ဂရုကို ထီပေါက်စဉ်  ဆိုတဲ့  Page ကနေပြီးတော့  ဇွန်လ ၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီဂရုကို Page ၆ ခုနဲ့ အကောင့် ၂ခု က ထိန်းချုပ်ထားတာဖြစ်ပြီးတော့ အားလုံးက တစ်ဦးတည်း ဒါမှမဟုတ်ရင် အစုအဖွဲ့တစ်ခုတည်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ ဖွင့်လှစ်ထားတဲ့ ဂရုမှာ မန်ဘာဦးရေတိုးပွားလာ စေဖို့အတွက် ထီပေါက်သူတွေကိုအသုံးချပြီးတော့ ဂရုကို Join ပြီး ဖုန်းနံပါတ်ရေးခဲ့ရင် ငွေလွှဲပေးတယ် ဆိုတဲ့ ပုံစံနဲ့ လှည့်ဖျားပြီးမန်ဘာဦးရေတိုးပွားအောင်လုပ်နေတာဖြစ်ပါတယ်။ ဂရုနဲ့ပတ်သက်တဲ့ အကောင့်တုတွေကလည်း ဖေ့ဘွတ်ခ်သုံးသူတွေ ယုံကြည်စေဖို့အတွက် ငွေလွှဲထားတဲ့ Screenshot တွေကိုအသုံးချပြီးတော့ လှည့်ဖျားနေတာဖြစ်ပါတယ်။  ငွေလွှဲပေးမယ်ဆိုတာ ကိုယုံကြည်ပြီးတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်ချက်ရေးခဲ့သူတွေဟာ သောင်းနဲ့ချီရှိနေပါတယ်။ မန်ဘာဦးရေဟာလည်း ၂၄နာရီအတွင်းမှာ တစ်သိန်းကျော်ထိရောက်ရှိလာတာဖြစ်ပါတယ်။

 

 

 

Group တွေနဲ့ Clickbait  Page တွေက ဘယ်လိုဆက်စပ်နေလဲ ဘာတွေက အကျိုးအမြတ်ရလဲ 

Group တွေမှာ လူအများအပြားရှိလာပြီဆိုရင် ကြော်ငြာတွေကနေ ဝင်ငွေရှာတဲ့  Facebook Instant Article တွေနဲ့ Clickbait Page တွေက အဲ့ဒီ Group တွေမှာ သူတို့ရဲ့ Clickbait Article တွေကို လာပြီး Share ပါတယ်။ Group Member အများအပြားရှိရင် Reach ပိုမိုရောက်ရှိပြီးတော့ ဝင်ကြည့်သူဦးရေပိုများပါတယ်။ ဝင်ကြည့်သူ ပိုများလေလေ ကြော်ငြာတွေကနေ ရတဲ့ ပိုက်ဆံက ပိုများလေလေဖြစ်တဲ့အတွက် Clickbait ကနေဝင်ငွေရှာသူတွေက Group ပေါင်းအများအပြားကိုဖန်တီးထားတတ်ကြပါတယ်။  ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့  ဆိုတဲ့ ဂရုကို ထိန်းချုပ်ထားတဲ့ Page တွေကလည်း Group ပေါင်းမြောက်များစွာကို ပြုလုပ်ထားတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိထားပါတယ်။ 

Group ကိုထိန်းချုပ်ထားသည့်အကောင့်များနှင့်ပေ့ချ်များ

ဂရုကိုထိန်းချုပ်ထားသည့်ပေ့ချ်တစ်ခုမှဖွင့်လှစ်ထားသည့်ဂရုများ

ဂရုကိုထိန်းချုပ်ထားသည့်ပေ့ချ်တစ်ခုမှဖွင့်လှစ်ထားသည့်ဂရုများ

ဂရုကိုထိန်းချုပ်ထားသည့်ပေ့ချ်တစ်ခုမှဖွင့်လှစ်ထားသည့်ဂရုများ

Clickbait Page တွေနဲ့ သတင်းအမှား/သတင်းအတု တွေက ဘယ်လိုစပ်ဆက်မှုရှိလဲ 

 

Facebook Instant Article ဝန်ဆောင်မှုကိုလျှောက်ပြီး ရယူထားတဲ့ သတင်းမီဒီယာအယောင်ဆောင် Website တွေနဲ့ ပေ့ချ်တွေက ဟာ သူတို့ရဲ့ သတင်းတွေကို လူတွေဝင်ရောက်ဖတ်ရှုဖို့အတွက် သတင်းတွေကို လူစိတ်ဝင် စားအောင်ဖန်တီးပါတယ်။ လူစိတ်ဝင်စားစေဖို့အတွက် သတင်းအမှား/သတင်းအတုတွေကိုလည်း ဖန်တီးပါတယ်။ ဖန်တီးထားတဲ့ သတင်းအမှား/သတင်းအတုတွေကို အထက်မှာဖော်ပြခဲ့တဲ့ Group တွေကနေတဆင့် ပျံ့နှံ့အောင် ပြုလုပ်လေ့ရှိပါတယ်။  ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေရဲ့ လေ့လာသုတေသနပြု မှုအရ သတင်းအမှား/သတင်းအတုတွေကို  Facebook Instant Article ဝန်ဆောင်မှုကိုလျှောက်ပြီး ရယူထားတဲ့ သတင်းမီဒီယာအယောင်ဆောင် Website တွေနဲ့ ပေ့ချ်တွေက အများဆုံးဖြန့်ဝေထားတာ တွေ့ရှိရပါတယ်။ 

 

ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့အတိုင်း  Facebook Group တွေရယ်  Instant Article Page တွေနဲ့ သတင်းအတု/သတင်းအမှားတွေပျံ့နှံ့မှုက စပ်ဆက်မှုရှိနေတဲ့အတွက် သတိပြုမိဖို့အတွက် ဟုတ်တယ် Vs  မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက ပြောပြပေးလိုက်ပါတယ်။ ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့  ဆိုတဲ့ ဂရုကိုလည်း ဝင်ထားမိရင် ချက်ခြင်းပြန်ထွက်ကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်။ နောက်ထပ် ဖေ့ဘွတ်ခ်ပေါ်မှာ ဒီလိုမျိုး လှည့်ဖျားထားတဲ့ သတင်းအမှားတွေလည်းရှိနိုင်တာမို့ အလျင်စလိုမယုံကြည်ဖို့လိုအပ် တဲ့အကြောင်းလည်း တိုက်တွန်းပါတယ်။ 

 

ဝေဖန်အကြံပြုရန်

ဟုတ်တယ် Vs မဟုတ်ဘူးမှ စိစစ်ထားသော မည်သည့်သတင်းကိုမဆို ဝေဖန်အကြံပြုလိုပါက အောက်ပါ Form တွင် ဖြည့်စွက်ပြီး ဝေဖန်အကြံပြုနိုင်ပါသည်။ 

https://www.realornotmm.info/complaint-form/