ဒီရက်ပိုင်းမှာ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Messenger Bot ကို အများဆုံး လာရောက်မေးမြန်းကြတဲ့ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒီသတင်းကတော့ သတင်းမီဒီယာအယောင်ဆောင်ဝဘ်ဆိုက်ဒ်တွေဖြစ်တဲ့ Click bait Website တွေကနေ တင်ထားတဲ့ မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ်ပေးအပ်မည် ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းကိုအချက်အလက်စိစစ်ပြီးတဲ့အခါမှာ တော့ ခေါင်းစဉ်ကို ဖတ်ရှုသူနားလည်မှုလွဲမှားအောင်တပ်ပြီး လူဝင်ကြည့်မှုများအောင်ဆွဲဆောင်ထားတဲ့ သတင်း အမှားတစ်ခုဖြစ်တယ်ဆိုတာကို အားလုံးသိအောင် ပြန်ပြောပြရခြင်းဖြစ်ပါတယ်။
နားလည်မှုလွဲမှားစေတဲ့သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက်
အဲ့ဒီသတင်းကို သတင်းမီဒီယာအယောင်ဆောင်ဝဘ်ဆိုက်ဒ်တွေ ဖြစ်တဲ့ lugyinews.com ဆိုတဲ့ ဝဘ်ဆိုက်အပါ အဝင် naethitmyanmar.com ဆိုတဲ့ ဝဘ်ဆိုက်ဒ်ကပါ တင်ထားတာဖြစ်ပြီးတော့ ဖတ်ရှုသူကိုနား လည်မှုလွဲမှားစေတဲ့ မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသား တိုင်း ၄၀၀၀၀ကျပ်ရမယ်လို့ အဓိပ္ပာယ်ရတဲ့ ခေါင်းစဉ်ကိုတပ်ပြီး သတင်းအမှားကိုပျံ့နှံ့စေခဲ့တာဖြစ်ပါတယ်။ ခေါင်းစဉ်ကိုပဲဖတ်ရှုတဲ့သူတွေက ဒီသတင်းကို အမှန်ထင်ပြီး ပြန်လည်ဝေမျှတာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသတင်းမီဒီယာအယောင်ဆောင်ဝဘ်ဆိုက် တွေက ဖော်ပြထားတဲ့ သတင်းအမှားတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေ မှာ ဝင်ဖတ်နိုင်ပါတယ်။
Claim Request| မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်း ၄၀၀၀၀ကျပ် ရမယ်ဆိုတာ တကယ့်သတင်းအမှန်လား
Fact Check| နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားဖြစ်ပါတယ်။ သတင်းအမှန်က ကိုဗစ်ကာလအတွင်းပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေကို အစိုးရကငွေကြေးတိုက်ရိုက်ထောက်ပံ့ဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။
ဘာလို့နားလည်မှုလွဲမှားစေတဲ့သတင်းအမှားလို့ပြောရတာလဲဆိုရင်
အထက်ပါအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတဲ့အခါမှာတော့ မှတ်ပုံတင်ရှိတဲ့နိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ် ပေးအပ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတွေဟာ ဖတ်ရှုသူကို နားလည်မှုလွဲမှားစေတဲ့သတင်းအမှားတစ်ခုဖြစ်ပြီး တော့ တကယ့်သတင်းအမှန်ကတော့ ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကိုပဲ ယခင်သင်္ကြန်ကာလတုန်းကထောက်ပံ့ခဲ့တဲ့ ရိက္ခာပစ္စည်းများရဲ့ တန်ဖိုး ၂ဆနီးပါး ငွေသားကို ထောက်ပံ့မယ် ဆိုတာပဲဖြစ်ပါတယ်။ဒါကြောင့် သတင်းမီဒီယာအယောင်ဆောင်ဝဘ်ဆိုက်ဒ်တွေက ဖော်ပြထားတဲ့ မှတ်ပုံတင်ရှိတဲ့နိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ် ပေးအပ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတွေဟာ နိုင်ငံသားတိုင်းကို ပေးအပ်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးသက်ရောက် နေတဲ့အတွက် နားလည်မှုလွဲမှားစေတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို ပြောပြပေးလိုက်ပါတယ်။
အင်တာနက်ပေါ်မှာ သတင်းတစ်ပုဒ်ကိုဖတ်မယ်ဆိုရင် ခေါင်းစဉ်တစ်ခုတည်းဖတ်ရှုပြီး ယုံကြည်လိုက်တာမျိုး မလုပ်သင့်ပဲ သတင်းတစ်ပုဒ်လုံးကို အသေးစိတ်ဖတ်ရှုသင့်ပါတယ်။ ပြီးတော့ ကိုယ်ဖတ်လိုက်တဲ့ သတင်းဟာ သတင်းအမှန်ဟုတ်မဟုတ်ကို အဲ့ဒီအကြောင်းအ ရာနဲ့တူတဲ့သတင်းမျိုးကို သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းရေးသားဆောင်ရွက်ထုတ်ဝေနေတဲ့သတင်းဌာန တွေကတင်ထား တာမျိုးရှိမရှိကို အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တိုက်ဆိုင်စစ်ဆေးပြီးမှ ဝေမျှတာတွေပြုလုပ်သင့်တယ်ဆိုတာကိုလည်း အကြံပေးလိုက်ပါတယ်။
တိုက်ဆိုင်စိစစ်ရတာ အခက်အခဲဖြစ်နေရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး
သတင်းအမှား /အမှန် လာရောက်စိစစ်မေးမြန်းလို့ရပါတယ်။ သတင်းအမှန်လို့မသေချာသေးတဲ့ ကောလာဟလ သတင်းတွေကို Share မပြုလုပ်ဖို့ကိုတော့ အကြံပေးလိုက်ပါရစေ။
ဝေဖန်အကြံပြုရန်