ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ဓာတ်ပုံတင်ရင် ၂၀၀၀ ကျပ် ကျသင့်မယ်ဆိုပြီး သတင်းအမှားတစ်ခု ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေကလည်း ဒီသတင်းကို အမှား/အမှန် လာရောက် မေးမြန်းနေကြတဲ့အတွက် ဒီသတင်းဟာ သတင်းအမှားမှန်း လူတိုင်း သိရှိနိုင်အောင် ဖော်ထုတ်လိုက်ရပါတယ်။
သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက်
ဒီသတင်းအမှားကို nayarthit.com ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုကနေတင်ထား တာပါ။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ဒီသတင်း အမှားကို ယုံကြည်ပြီး Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိတာတွေ့ရပါတယ်။ဒါကြောင့်အချက်အလက်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Claim Request| ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ဓာတ်ပုံတင်ရင် ၂၀၀၀ ကျပ်ပေးရမယ်ဆိုတာ သတင်းအမှန်လား
Fact Check| ၁၀၀ ရာခိုင်နှုန်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ပါတယ်။
ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင်
အထက်ပါအချက်အလက်စစ်ဆေးမှုတွေကြောင့် ဖေ့ဘွတ်ခ်မှာ စာရေးရင် ၁၀၀၀ကျပ်၊ဓာတ်ပုံတင်ရင် ၂၀၀၀ကျပ် ပေးရမယ်ဆိုတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။
ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့လည်း သတင်းတစ်ခုကိုတွေ့ပြီဆိုရင် အမှား/အမှန် သိရအောင်လို့ ဒီလို သတင်းရင်းမြစ်တွေကို လိုက်လံရှာဖွေပြီး တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။အကယ်၍ တိုက်ဆိုင်စစ်ဆေးဖို့အချိန်မပေးနိုင်ဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ် မေးမြန်းနိုင်ပါတယ်။
ဝေဖန်အကြံပြုရန်